V1P7

323 27 0
                                    

Unicode

ပိုင်လျန်ဟွာကို ဝမ်ဖူရဲ့ စိတ်အလိုမကျမှုတွေကနေ ကယ်တင်ခဲ့သူကတော့ နောက်ဆုံးအကြိမ်ကတွေ့ခဲ့တဲ့ နတ်ဆိုးပဲဖြစ်တယ်။

သူ့နာမည်က Gu You လို့ခေါ်မှန်း ပိုင်လျန်ဟွာသိလိုက်ရတယ်။ ဒီလူက မူရင်းကမ္ဘာကစည်းမျဉ်းတွေအတိုင်း သွားနေတာဆိုတော့ သူ့ကို စိတ်အနှောင့်အယှက်ပေးပြီး နားညီးအောင်လုပ်မယ့် systemနဲ့ဆက်သွယ်ဖို့မလိုတော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူက ဝမ်ဖူကို နတ်ဆိုးလမ်းစဉ်လိုက်စေဖို့ စည်းရုံးပြီး သူ့ရဲ့ကျင့်ကြံရေးနည်းလမ်းတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာတော့ ငြင်းလို့မရဘူး။

အဲ့ဒါကြောင့်  ပိုင်လျန်ဟွာတစ်ယောက် စိတ်ညစ်နေတယ်။ သူ့ရဲ့ပထမဆုံးကမ္ဘာကူးပြောင်းမှုကြီးက လေလိုပဲ။ ဒီလိုတိုက်ခတ်မှုက ဝမ်ဖူကြုံကိုကြုံတွေ့ရမယ့် သတ်မှတ်ထားတဲ့လမ်းစဉ်ပဲ။ ဘယ်လိုပဲ လမ်းကြောင်းပြောင်းပြောင်း သူကသေချာပေါက် နတ်ဆိုးလမ်းစဉ်ကိုကျရောက်ပြီး သူဆုံတွေ့ရမယ့်လူတွေနဲ့တွေ့ကိုတွေ့ရမှာပဲ။

Gu You ကအရင်ကထက် ပိုကောင်းလာပြီလို့ဆိုရမယ်။ အနည်းဆုံးတော့ သူပင်မဟောခန်းမှာ ဝမ်ဖူနဲ့အတူဆွေးနွေးဖို့ သူနေနိုင်တယ်လေ။

__လက်ဖက်ရည်တော့ ဘယ်ပါပါ့မလဲ...မင်းနောက်နေတာလား။ ကျင့်ကြံရေးချီလက်ဖက်ရည်က ပိုင်လျန်ဟွာနေခဲ့တဲ့နေရာနဲ့ အခုဝမ်ဖူနေတဲ့နေရာမှာရှိတဲ့ တူညီတဲ့အပင်တွေဆီကထုတ်လုပ်ထားတာ။(ပြောချင်တာက ဝမ်ဖူက သူအရင်နေခဲ့ဖူးတဲ့နေရာနဲ့ တစ်ထပ်တည်းတူအောင်လုပ်ထားတာပါ အပင်တွေအပါအဝင်ပေါ့) ပိုင်လျန်ဟွာသေဆုံးသွားပြီး သူ့ရဲ့ကျင့်ကြံဆင့်တွေလည်းပျောက်ဆုံးသွားတော့ ဝမ်ဖူလည်း မြူနှင်းတောအုပ်မှာနေဖို့အစီအစဉ်မရှိတော့တဲ့အတွက် ပိုင်လျန်ဟွာရဲ့သိုလှောင်အိတ်ထဲကနေ အစေ့တချို့ရှာတွေ့သွားခဲ့တယ်။ သူအဲ့ဒီအပင်တွေကို တစ်စုံတစ်ယောက်ကိုပြန်ခေါ်ဖို့အတွက် သူ့နေရာမှာစိုက်ပျိုးခဲ့တယ်။ ဝမ်ဖူသူတို့ကို သူကိုယ်တိုင်စိုက်ပျိုးခဲ့တာက သူတစ်စုံတစ်ခုကိုရရှိဖို့မဟုတ်ပဲ ဘာကိုမှမမျှော်မှန်းခဲ့တဲ့အတွက် ခပ်အေးအေးပဲလုပ်ခဲ့တယ်။

လရောင်ဖြူလေးမ‌ဖြစ်ချင်တဲ့ကြာပန်းဖြူhostကကောင်းတဲ့hostမဖြစ်နိုင်ဘူး (System)Where stories live. Discover now