Sunghoon ကမိုးရွာတာကိုမုန်းပါသည်။ ကလေးဆန်တယ်ပဲပြောပြော၊ သူ့မွေးနေ့ဟာ မိုးရွာတတ်တဲ့နေ့တွေမှာပဲကျရောက်တတ်သည်။ မနှစ်ကနှင့်ပေါင်းလိုက်ရင် သူ့မွေးနေ့တိုင်းမိုးရွာခဲ့သည်က လေးနှစ်ဆက်တိုက်ရှိပြီ။ ဒါဘယ်လိုမကောင်းလိုက်တဲ့ တိုက်ဆိုင်မှုမျိုးများလဲ။
ယခုကျတော့လည်း တိမ်များချက်ချင်းမည်းမှောင်လာကာ ဝုန်းခနဲထပ်ရွာကျလာသဖြင့် ဆိုင်ရှေ့ရှိပြတင်းပေါက်များကို အလုပ်ရှုပ်ရသည့်ကြားထဲမှ အပြေးလိုက်ပိတ်နေရသည်။ အပြင်ဘက်တွင်တော့ ပုရွက်ဆိတ်အုံကြီးသဖွယ် စုဝေးနေသည့်လူများက မိုးစက်များ၏လှုံ့ဆော်မှုကြောင့် ပြေးဟယ်လွှားဟယ်နဲ့ လူစုကွဲသွားကြ၏။
နောက်ဆုံးမပိတ်ရသေးသည့် ပြတင်းပေါက်နားကိုရောက်လာတော့ အနံ့ခံအာရုံများက နှစ်လိုဖွယ်မြေသင်းနံ့လေးကို တစ်ချက်ဖမ်းမိလိုက်သည်။ သဘောကျချင်စရာလေးဆိုသော်ငြားလည်း မိုးရာသီကိုမကြိုက်သည့် စိတ်ကတော့မပျောက်သွားခဲ့။
မြေသင်းနံ့လေး၏ညှို့ချက်၌ သူခဏလောက်မျောပါသွားမိသဖြင့် အလုပ်ရှင်ထံမှ ဆူခံလိုက်ရ၏။ "ငေးမနေစမ်းနဲ့။ အလုပ်ကိုခပ်သွက်သွက်လုပ်စမ်း" တဲ့။ နောက်ဆုံးပြတင်းတံခါးကို ပိတ်ကာဂျက်ထိုးလိုက်တော့ နှာခေါင်းထဲအရင်လိုကော်ဖီနံ့များကသာ ပြန်၍နေရာယူလာသည်။
'မိုးရာသီနှင့် ကော်ဖီဆိုင်'
မည်သူကစ၍ ထိုအရာနှစ်ခုကလိုက်ဖတ်သည်ဟု Trend လုပ်လိုက်သည်မသိသော်လည်း ထို Trend ကြောင့် သူအလုပ်လုပ်သည့်ကော်ဖီဆိုင်လေးသည် မိုးရွာမည်ဟုကြေညာထားသည့်နေ့ရက်တိုင်းတွင် Customer များတော့သည်။ ထို့ကြောင့် ဒီနေ့လည်း ကော်ဖီဆိုင်ထဲတွင် ဝယ်သူများနှင့်ပွက်လောရိုက်နေကြသည်။ဖြတ်ခနဲမျက်လုံးထဲကို ဝင်ရောက်လာသည့် စူးရှသည့်အလင်းရောင်တစ်ခု။ လက်ထဲကကော်ဖီဗန်းကို သူလန့်ပြီးမလွှတ်ချလိုက်တာ ကံကောင်းသွားသည်။ အလင်းတန်းထွက်ပေါ်လာသည့်နေရာကိုကြည့်လိုက်တော့ ခုံနှစ်ဝိုင်းဆက်ထိုင်၍စာလုပ်နေကြသော မိန်းကလေးများအုပ်စုထံမှ။
ထိုမိန်းကလေးများ ဒီဆိုင်မှာစာလာလုပ်ကြသည့် အကြောင်းအရင်းကတော့ သူပဲဖြစ်သည်။ စာတကယ်လုပ်သလား၊ မလုပ်သလားကိုသူစိတ်မဝင်စားမိသော်လည်း အလုပ်ရှုပ်နေတတ်သည့်သူ့ကတော့ ထိုကောင်မလေးများ၏စိတ်ဝင်စားမှုကို အမြဲခံရသည်။ တစ်ခါတလေဆို စိတ်ရှုပ်ရလောက်အောင် မျက်စိဒေါက်ထောက်လိုက်ကြည့်နေတတ်ပြီး မျက်နှာများသည်လည်း အပြုံးပန်းလေးများနှင့် ဝေဆာစွာဖြင့်။
YOU ARE READING
Gentle Rain Street (Jayhoon)
Fanfiction"Gentle Rain Street isn't just a street. Gentle Rain Street is a place where i get stuck in. Gentle Rain Street is a memory i don't want to return. Gentle Rain Street is a pain that i can't erase. How about you?" For @Leon_Whit