Recommended BGM - One kiss(Dua),
.
.
.
.
.
.
.
."မပြောမဆိုဘဲနဲ့ နမ်းတယ်နော်။ မင်းတော်တော်ဆိုးတဲ့ကောင်လေးပဲ။"
"ခင်ဗျားသဘောကျတယ်မလား။ အဲ့ဒါနဲ့များ လူကိုကလူသလိုလို၊ မြူသလိုလိုတွေလာလုပ်သေးတယ်။ တကယ်ဆို ခင်ဗျားကမှဆိုးတာ။ ဘာတစ်ခွန်းမှမပြောဘဲနဲ့ ထွက်သွားပြီးတော့။"
"ကိုယ်ကြောင့်နဲ့မင်းစာအာရုံစိုက်ဖို့မလွယ်မှာစိုးလို့ထွက်သွားတာလေ။"
"ကျွန်တော်စာမှမလုပ်ချင်တော့တာကို။"
သူ့ကိုကြည့်ပြီး ရယ်မောနေသည့် မျက်မှန်အောက်က မျက်ဝန်းတစ်စုံကြောင့် သူအလိုလိုနေရင်းပြုံးမိလိုက်သည်။ Sunghoon ရဲ့ခံစားချက်တွေက ဘယ်အချိန်ကတည်းကမှန်းမသိ Jay ရဲ့အပြုအမူတွေပေါ်မူတည်သွားခဲ့သည်။ အခုတော့ အရာအားလုံးကိုအရှိအတိုင်းသာ လက်ခံထားဖို့ဆုံးဖြတ်ထားသဖြင့် အရင်ကလောက်မခံစားရတော့ပေ။ Jay ရဲ့ယောက်ျားဆန်တဲ့ထိုမျက်နှာလေးက ပျော်ရွှင်နေတဲ့ခံစားချက်တွေမြင်ရရင် သူလည်းပြုံးမိနေတော့သည်။ Jay မျက်နှာမှုန်ကုပ်နေရင်တော့ သူဘယ်လိုဖြစ်လာမလဲမပြောတတ်သေးပေ။
"Day 1 ပေါ့။"
"ဟင်..."
"မင်းတောင်းဆိုလို့ ကိုယ်မင်းရဲ့ရည်းစားလုပ်ပေးလိုက်ရပြီလေ။ အခုကိုယ်တို့စတွဲတဲ့ Day 1 ပေါ့လို့။"
"ဘယ်တုန်းကတောင်းဆိုမိလိုက်လို့လဲ။"
ပေါက်ကွဲထွက်မတတ်ဖြစ်သွားသည့် ရင်ဘတ်ထဲကစိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှုများကြောင့် လွန်ခဲ့သောမိနစ်အနည်းငယ်ကပင် သူ့ဘက်ကခြေလှမ်းစတိုးမိသည်ကို Sunghoon မသိချင်ယောင်ဆောင်ကာ ပြောလိုက်မိသည်။
"Par Sunghoon-sshi... လုပ်ခဲ့တဲ့အပြုအမူတွေကို ပြန်သုံးသပ်ကြည့်ပါဦး။"
ပြောပြီးပြီးချင်း Jay က သူ့ရဲ့နှုတ်ခမ်းများနှင့် Sunghoon ရဲ့နှုတ်ခမ်းပါးများကိုထပ်ထိတွေ့စေပြန်သည်။ စက္ကန့်ပိုင်းလောက်ပဲကြာခဲ့သည်ဆိုပေမဲ့ Sunghoon မျက်နှာကြီးရဲလာပြန်ပေသည်။
"ဟို.. ဟိုဟာ... ထီးလိုချင်လို့မလား။ ကျွန်တော်ပေးမယ်။ ပြန်တော့လေ။"
STAI LEGGENDO
Gentle Rain Street (Jayhoon)
Fanfiction"Gentle Rain Street isn't just a street. Gentle Rain Street is a place where i get stuck in. Gentle Rain Street is a memory i don't want to return. Gentle Rain Street is a pain that i can't erase. How about you?" For @Leon_Whit