Gentle Rain Street (10)

371 45 2
                                    

"Jay ဒီနေ့ တက္ကသိုလ်မှာ အနုပညာကျောင်းသားတွေရဲ့ ပန်းချီပြပွဲရှိလို့ ကျွန်တော် စောစောထွက်ဖြစ်မယ်နော်။ ကျွန်တော် coffee ဖျော်ပေးခဲ့မယ်။ မနက်စာစားပြီးမှအလုပ်သွားနော်။"

"Ok, babe ဒီနေ့စောစောပြန်ခဲ့။ ကိုယ်မင်းအံ့ဩသွားစေလောက်မဲ့ လူတစ်ယောက်နဲ့ပေးတွေ့စရာရှိတယ်။"

"Oh... interesting. Who is it?"

"Secret."

"What are you planning?"

"Babe, it's a secret. You will see."

"Ok."

Sunghoon ဘာမှသိပ်မပြောဘဲ တက္ကသိုလ်ကိုပဲထွက်လာခဲ့လိုက်သည်။ ဒီနေ့မှာ သူစိတ်အဝင်စားဆုံး ပန်းချီပြပွဲကြီးရှိသည့်အတွက် Sunghoon အတွက် အားလုံးကစိတ်ဝင်စားဖို့ကောင်းနေလိမ့်မည်။ ပန်းချီကားတွေကို Jay ကြိုက်သည်ဟုပြောဖူးသဖြင့် ပန်းချီကားတော်တော်များများကို ဓာတ်ပုံရိုက်ထားပြီး ပြဖို့လည်းစဥ်းစားမိသေးသည်။

Sunghoon တို့တက္ကသိုလ်က ပန်းချီပညာရှင်များကို တခြား Major များထက်ပိုပြီး အားပေးတတ်ကြသည်။ ဒါက သူတို့တက္ကသိုလ်ရဲ့ထူးခြားသည့်အချက်တစ်ခုပင်။ နာမည်ကြီးပန်းချီပညာရှင်များစွာက ဒီတက္ကသိုလ်ကနေ ပေါ်ပေါက်လာကြသည်ကများသည်။ ဒါကြောင့် တက္ကသိုလ်ပန်းချီပြပွဲဆိုသည်က ဒီတက္ကသိုလ်၏အထူးပြပွဲကြီးဖြစ်နေသည်။

Sunghoon ရောက်သည့်အချိန်တွင်တော့ လူများကတက္ကသိုလ်ဝန်းကြီးထဲ ဟိုဟိုဒီဒီလျှောက်သွားနေကြသည်။ Sunghoon စာများနှင့်လုံးပန်းနေရသည့်နေရက်များကို ဒီတစ်မနက်တော့ဖြေဖျောက်ပစ်တော့မည်။

°•°•°•°•°

တစ်ခါတလေ Jay အတွက်မပျင်းသွားအောင် သီချင်းအသစ်တွေလေ့ကျင့်ဖို့
Sunghoon လုပ်လေ့ရှိသည်။ ဒီနေ့ Jay ကစောစောပြန်လာဖို့ ပြောထားသဖြင့် Sunghoon အကြာကြီးမနေဘဲ ပြန်လာခဲ့ခြင်းဖြစ်ပြီး အခုတော့ ဘာမှလုပ်စရာမရှိသဖြင့် Acoustic guitar လေးပိုက်ပြီး ဘာသီချင်းတွေမှတ်မိလဲစဥ်းစားနေရသည်။

ဒါပေမဲ့ သူအများကြီးသိပ်တွေး၍မရပေ။ Jay အတွက်ဆိုပြီး စဥ်းစားလိုက်တိုင်း Sunghoon ခေါင်းထဲပေါ်လာတတ်သည်က Latte ကော်ဖီနှင့် Cornelia Street သီချင်းလေး။

Gentle Rain Street (Jayhoon)Where stories live. Discover now