Gentle Rain Street(2)

524 58 8
                                    

နီယွန်မီးရောင်မှိန်မှိန်လေးများ၏ အောက်တွင် ယမကာအနံ့များမင်းမူနေသည့် လမ်းလေးတစ်ခုရှိသည်။ ထိုလမ်းလေးထဲတွင်ရှိသည့် နာမည်ကြီးသော Bar တစ်ခုက Sunghoon ၏ဦးတည်ရာပင်။ အမှောင်ကျနေသောအရိပ်နေရာများတွင် ဆေးကွဲနေသည့် လူတချို့အား အမှောင်ကိုကျင့်သားရသွားပြီဖြစ်သော မျက်လုံးများကမြင်နေရသည်။ အနည်းငယ်စိတ်ရှုပ်စရာကောင်းသောမြင်ကွင်းဆိုသော်ငြား တတ်နိုင်သမျှ လျစ်လျူရှုထားရသည်။

ထိုစဥ်လရောင်ကိုဖုံးကွယ်ထားသည့် မိုးတိမ်ထူထူများကစိတ်ရှိလက်ရှိ ငိုချလိုက်ပြန်သောကြောင့် Sunghoon ဘေးလွယ်အိတ်ကို ခေါင်းပေါ်တင်ကာအမြန်ပြေးလာရသည်။ အမှတ်သညာမရှိသည့်ဦးနှောက်က ထီးမေ့ကျန်ခဲ့ရပြန်ပြီ။

မိုးစက်များထဲပြေးလွှားနေရင်းမှ အသံတစ်ခုကိုကြားဖြစ်အောင်ကြားလိုက်ရသေးသည်။ သူနောက်လှည့်ကြည့်မိတော့ ထိုအသံကတံစက်မြိတ်တစ်ခုအောက်က လက်တစ်ပွေ့စာစက္ကူပုံးလေးဆီမှဖြစ်နေသည်။ စက္ကူပုံးနားကိုသွားကြည့်လိုက်တော့ ထိုအသံကပို၍ပြတ်သားလာသည်။

°•°•°•°•°•°•°•°

အဝတ်လဲခန်းထဲကို သူဝင်လာတော့ Locker ကိုပိတ်ပြီးအိမ်ပြန်ဖို့လုပ်နေသည့် Jake ကိုတွေ့လိုက်ရသည်။ အခန်းထဲသူဝင်လာတာကို မြင်လိုက်သော Jake ကလည်းသူ့ကိုနှုတ်ဆက်သဖြင့် သူအကူအညီတောင်းကြည့်ဖို့တွေးမိသည်။

"လက်ထဲကစက္ကူပုံးကဘာလဲ Sunghoon"

"Jake ကျွန်တော့်ကိုတစ်ခုလောက် ကူညီပါလား။ ကျွန်တော့် shift ကအချိန်ကပ်နေပြီမို့လို့။"

°•°•°•°•°•°

Jake ထွက်သွားသည်နှင့် သူ့အလုပ်က uniform ကိုအမြန်လဲရသည်။ သူ့ခါး size ကိုတိုင်းပြီးထုတ်ပေးထားသော skintight leather pants ကိုဝတ်လိုက်ပြီးတော့ ကျပ်ထုပ်နေသောဆွဲသားအင်္ကျီကိုခေါင်းကနေစွပ်ချလိုက်သည်။ ပြီးတော့ leather suspender တစ်ခုကိုခေါင်းနှင့် လက်များထိုးသွင်းပြီး ဘောင်းဘီနှင့်ပြန်ချိတ်လိုက်ပြီးချိန်တွင်တော့ သူ့ခန္ဓာကိုယ်က ကြိုးများနှင့်ရစ်ထားသည့် ကောက်ညှင်းထုပ်တစ်ခုလိုခံစားနေရ၏။ ထိုအဝတ်များနှင့် အစကနေသားမကျခဲ့သော်လည်း အခုတော့သူအဆင်ပြေလာသည်။

Gentle Rain Street (Jayhoon)Where stories live. Discover now