Warning - Something steamy will be seen as you scroll down further. Read it at your own risk. Don't say I didn't warn ya. :3
ပြတင်းပေါက်အပြင်ဘက်မှ မိုးရေစက်လေးများက သူ့ပါးပြင်ပေါ်ရိုက်ခတ်လာမှ သူငိုက်မြည်းနေရာကနေနိုးလာတော့သည်။ မြင်ကွင်းရှေ့မှာတော့ Jay ကအပူအပင်ကင်းကင်းနဲ့အိပ်ပျော်လို့ကောင်းတုန်းပင်။ Jay ကသူ့ခုတင်ကိုယူထားသဖြင့် သူစာလုပ်သည့်ခုံမှာပဲ အိပ်ပျော်သွားခြင်းဖြစ်လောက်မည်။
လည်ပင်းတစ်ဖက်ကနာကျင်မှုက ပုံမှန်မဟုတ်သောအနေအထားဖြင့် အိပ်မိခြင်းကြောင့် သူ့ကိုဒုက္ခပေးနေပြန်၏။ Jay ကတော်တော်ဆိုးတဲ့လူပဲ။ သူပြတင်းပေါက်ကနေငေးကြည့်လိုက်တော့ မှောင်မဲနေသောကောင်းကင်ပြင်က မိုးရေစက်များသွန်းကြဲနေ၏။
သူဒီလိုလုပ်နေလို့မရဘူးလေ။ Semester တစ်ခုပြီးလို့စာမေးပွဲ လာတော့မည်ဖြစ်သဖြင့် စာဘက်ကိုအာရုံပြန်စိုက်ဖို့လိုသေးသည်။ နောက်ထပ် အချိန်အပိုင်းအလုပ်က ၉နာရီခွဲမှသွားရမည်ဖြစ်သဖြင့် အခုတော့စာလုပ်ဖို့သာဆုံးဖြတ်လိုက်သည်။
ပြတင်းပေါက်ကနေ မိုးကျသံများဝင်လာပါက Jay နိုးသွားမည်စိုးသဖြင့် ဖြေးဖြေးလေးပိတ်လိုက်ပြီး စာလုပ်နေလိုက်သည်။ တိတ်တိတ်လေးစာလုပ်တတ်သည့်သူမို့ Jay ကိုဒါကအနှောင့်အယှက်ဖြစ်စေမည်မဟုတ်ပေ။ ဒါလည်းတကယ်တော့မှားသည်။ အပုဒ်စီတိုင်းမှာပိုခက်လာသည့် သင်္ချာပုစ္ဆာများကသူ့ကိုလှောင်ရယ်နေသည့်နှယ်။
"Why can't I still run away from this idiotic subject? Ughh, maths is nothing but ridiculous."
သူစိတ်ညစ်စွာညည်းနေချိန်မှ ဘေးနားက Jay ၏ကိုယ်က လှုပ်ရှားလာတော့၏။ သူ့ကြောင့်များလားဟုတွေးပြီး အားနာမိပြန်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ စကားပြန်မပြောတတ်သည့် သင်္ချာပုစ္ဆာများကို ရန်တွေ့လို့မရသဖြင့် Jay ကိုသာမဆီမဆိုင်ငေါက်လိုက်၏။
"နိုးပြီလား။ အင်္ကျီမြန်မြန်ဝတ်ပြီးပြန်တော့။"
"ဝှား... ဘယ်အချိန်ရှိပြီလဲ။"
"၈နာရီ ၁၂မိနစ်။ ညဘက်တောင်ပြန်ရောက်ပြီ။ ခင်ဗျားဘယ်လိုပြန်အိပ်မလဲ။"
"Excuse me boy. Don't you think it's rude to talk to someone older than using with that pronoun?"
"ခင်ဗျားကဘယ်လိုခေါ်စေချင်လို့လဲ။"
YOU ARE READING
Gentle Rain Street (Jayhoon)
Fanfiction"Gentle Rain Street isn't just a street. Gentle Rain Street is a place where i get stuck in. Gentle Rain Street is a memory i don't want to return. Gentle Rain Street is a pain that i can't erase. How about you?" For @Leon_Whit