အိမ်မက်တစ်ခုလိုမျိုး ဝေဝါးနေတဲ့ဒီမြို့လေးထဲမှာသာဆို တစ်နည်းနည်းနဲ့မေ့ပစ်လို့ရမယ်ထင်ခဲ့ပါရဲ့။
ချန်ထားခဲ့ပြီးမှ လိုက်လို့ရှာဖွေနေခဲ့ပြန်တယ်။
မင်းအသံလေးကိုကြားချင်မိလို့...။
မင်းပြောခဲ့တာတွေအကုန်မှန်ပါတယ်ဆိုတာပြောပြချင်မိလို့...။Seattle Alone - Bol4
°•°•°•°•°•°
ဒီလမ်းထဲကအထွက်မှာ Cadillac အနက်တစ်စီးလိုက်လာတာကို ကျွန်တော်မြင်လိုက်သားပဲ။ ကျွန်တော့်ကို လက်မလွှတ်နိုင်သေးတာကို ကျွန်တော်သိတယ်။
အဲ့ဒီနေ့က 24 နာရီနီးပါးကျွန်တော်မအိပ်နိုင်ဘဲစောင့်နေခဲ့တယ်ထင်ပါတယ်။ Jay များဖုန်းတစ် call ခေါ်မယ်အထင်နဲ့ပေါ့။ 36 နာရီအကြာမှာ ဘာမှမလုပ်နိုင်ဘဲ ထိုင်ခုံတစ်ခုမှာပဲကြက်သေသေနေခဲ့တဲ့ ကျွန်တော့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကို Jake ကစိုးရိမ်လာတယ်။
ကျွန်တော့်ကြောင့်နဲ့ဘေးလူတွေ စိတ်ဒုက္ခရောက်ခဲ့ရပြန်ပြီ။ ဒါပေမဲ့ 48 နာရီအကြာမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ဖိတ်စာက ကျွန်တော့်ဆီရောက်လာမယ်ဆိုတဲ့ အတွေးမျိုးစိတ်ကူးတောင်မယဥ်ခဲ့မိဘူး။
ဇာတ်လမ်းထဲ ကိုယ့်ကိုယ်ကိုယ်အဓိကဇာတ်ကောင်လို့ထင်ထားခဲ့မိတာ။ အခုတော့ လူပြက်တဲ့လား။ ခင်ဗျားဘေးနားက Han Ju Eun ဆိုတဲ့မိန်းမကကျွန်တော့်အဖြစ်ကို တော်တော်လှောင်ရယ်နေလောက်ပြီ။
နေ့ရက်တွေကို နာမည်ပြောင်းဖို့အချိန်တန်ခဲ့ပါပြီ။ အတူတူပျော်ရွှင်ခဲ့တဲ့နေ့ရက်များဆိုတာကနေ ထွက်ခွာလာခဲ့တဲ့နေ့ရက်များဆိုပြီးတော့ပေါ့။
YOU ARE READING
Gentle Rain Street (Jayhoon)
Fanfiction"Gentle Rain Street isn't just a street. Gentle Rain Street is a place where i get stuck in. Gentle Rain Street is a memory i don't want to return. Gentle Rain Street is a pain that i can't erase. How about you?" For @Leon_Whit