Bartender မလုပ်ဖြစ်တော့တဲ့နောက်ပိုင်းမှာ ညဘက်လုပ်စရာမရှိတော့သည့်အတွက် အိပ်မပျော်သေးတဲ့ညဘက်တွေမှာ Jay နဲ့စကားတွေအများကြီးပြောခွင့်ရခဲ့သည်။
Jay က Astronomy မကြိုက်သော်လည်း ကြယ်တွေကြည့်ရတာကို အရမ်းကြိုက်သည်ဟုပြောသည်။ မိုးရွာတာကိုလည်း သဘောကျသလို မိုးရေစိုခံပြီး လမ်းလျှောက်တတ်သည်။
Whiskey/Cocktail တွေထက် Coffee ကိုပိုနှစ်ခြိုက်သည်ဆိုသော်ငြား Sunghoon ဖျော်ပေးသမျှ ကော်ဖီ၊ အရက်မှန်သမျှကိုတော့ မငြင်းဘဲသောက်တတ်သည်။ Jay ကတကယ်ကို Alcohol Tolerance မြင့်သည့်လူတစ်ယောက်ဖြစ်ပြီး မူးလာရင်လည်းရီရီဝေဝေမျက်လုံးများက သံလိုက်ဓာတ်တစ်မျိုးထုတ်လွှတ်နေသကဲ့သို့ သူ့ကိုအကြိမ်ကြိမ်အခါခါဆွဲဆောင်သည်။
အလုပ်စားပွဲပေါ်ကစာရွက်စာတမ်းတွေကြားထဲ ခေါင်းစိုက်နေတဲ့လူကြီးက ပန်းချီဆွဲတာကို ဝါသနာပါသည်ဟုပြောပေမဲ့ သူ့ပန်းချီကားချပ်တွေကို Sunghoon မမြင်ဖူးသေးပေ။ Jay ကအနုပညာကိုမြတ်နိုးသည့်လူတစ်ယောက်။ ကိုယ်တိုင်မလုပ်ဖြစ်ပေမဲ့ Jay ရဲ့အိမ်ထဲမှာ ဂစ်တာများနှင့် စန္ဒရားတစ်လုံးထည့်ထားသောအခန်းတစ်ခုရှိသည်။
တစ်ခါတလေ Jay ကသူ့ကို အမေတစ်ယောက်လိုကြည့်ပြီး "Sunghoon လုပ်ချင်တာကို ပျော်ပျော်ရွှင်ရွှင်လုပ်နေတာကိုမြင်ရင် ကိုယ်ပျော်တယ်" ဟုပြောတတ်သည်။
အိမ်ထဲကတတိယမြောက်နေထိုင်နေသူလေး၊ တစ်နည်းအားဖြင့် သစ္စာဖောက်မလေး Nox ကတော့မျက်နှာကြီးရာဟင်းဖတ်ပါသည်။ Jay ဝယ်ပေးသည့် ဈေးကြီးသောကတ်ဖုများကြောင့် အခုဆိုမိုးရေထဲကနေ ကယ်ခဲ့ရသော Sunghoon နားကိုပင်သိပ်မကပ်တော့ဘဲ Jay နားမှာပွတ်သီးပွတ်သပ်ပြုနေတတ်သည်။
Jay ကမနက်တိုင်း သူမဖျော်တတ်၊ ဖျော်တတ်နှင့် ဖျော်ပေးသည့်ကော်ဖီကိုသောက်ပြီးမှ အလုပ်ကိုသွားတတ်သည်။ Jay အလုပ်သွားသည်နှင့် မှာထားသည့်အတိုင်း Sunghoon ကမနက်ဖက် ကျောင်းတက်၊ အိမ်ကိုဂရုစိုက်ရပြီး စာမေးပွဲအတွက်စာတွေလုပ်ရသည်။
(like a housewife UwU)
ညဘက်မှပြန်လာတတ်သည့် Jay က ညနေခင်းတစ်ခုအရောက်မှာ အလုပ်ကနေပြန်လာပြီး ထုံးစံအတိုင်းကော်ဖီတစ်ခွက်တောင်းသည်။
VOCÊ ESTÁ LENDO
Gentle Rain Street (Jayhoon)
Fanfic"Gentle Rain Street isn't just a street. Gentle Rain Street is a place where i get stuck in. Gentle Rain Street is a memory i don't want to return. Gentle Rain Street is a pain that i can't erase. How about you?" For @Leon_Whit