Gentle Rain Street (9)

313 41 34
                                    

"Jay... did you notice it?"

"အင်း.. ကိုယ်လည်းအဲ့လိုပဲထင်နေတာ။"

"ကျွန်တော်ထင်တာတော့ ဟိုအဖြူကောင်ပဲထင်ပါရဲ့။"

"အဲ့ဒါဆို ဒီနောက်ပိုင်း Nox ကိုပိုဂရုစိုက်ဖို့လိုလား။"

"ဒါပေါ့ဗျ။ Jay ကပစ်ထားချင်လို့လား။"

Jay ကသူ့ခြေထောက်နားမှာ ပွတ်သပ်နေသည့် Nox ကိုငုံ့ကာမပြီး ပေါင်ပေါ်တင်လိုက်သည်။ Nox က Jay ဘေးမှာထိုင်နေသည့် Sunghoon ၏ပေါင်နားကိုပါသွားကာ ပေါင်းကူးတံတားသဖွယ် တစ်ဝက်စီတက်ပြီးအိပ်ဖို့ကြိုးစား၏။

"ကျွန်တော်တို့အခုတည်းက နာမည်တွေစဥ်းစားသင့်တယ်မလား။"

"ဟိုးထား ဆရာ။ Nox ကဘယ်သူနဲ့ကြိုက်နေမှန်းတောင် ကိုယ်မသိဘူး။ အခုက ကိုယ်တို့လျှောက်တွေးနေကြတာလည်းဖြစ်နိုင်တာပဲ။

"အဲ့ဒါဟိုကောင်ပဲ။ ကျွန်တော်ဟိုနေ့ကမှနှစ်ခါလောက် ထပ်တွေ့ခဲ့​သေးတယ်။"

"ချောလား အဲ့ကောင်လေးက။"

"အင်းဆို ခင်ဗျား သိလား။ သူကတကယ် Nox နဲ့ဆန့်ကျင်ဘက် ဖြူစွတ်နေတာပဲ။"

"Sunghoon..."

"အင်း... Jay"

"Nox နဲ့ပဲအလုပ်ရှုပ်နေရင် မင်းကိုယ့်ကိုသတိတောင်ရပါဦးမလား။"

အခု Jay ကသူ့ကို ကြောင်တစ်ကောင်ကြောင့် သဝန်တိုနေပြီလား။

"အင်း ဟုတ်တယ်။ Jay ဘာသာဘယ်အချိန်အိပ်အိပ် ​ကျွန်တော်ပစ်ထားတော့မှာ။"

"မရပါဘူး။ Nox သာကိုယ်ဝန်ရှိနေပြီဆိုတာမှန်ရင် မင်းလည်းကိုယ့်အတွက်ကလေးမွေးပေးရမယ်။"

"ဘာတွေလျှောက်ပြောနေတာလဲ Jay"

"ဘာလို့လျှောက်ပြောရမှာလဲ။ ကြည့်ပါလား။ မင်းကိုယ့်ကိုပြောဖူးတယ်လေ။ ကိုယ်နဲ့မင်းအရင်တွေ့ပြီးမှ မင်းနဲ့ Nox တွေ့တာလေ။ ပြီးတော့သေချာသလောက်ဆို မင်းဒီမှာလာနေပြီးနောက်ပိုင်းမှ Nox ကအပြင်ခဏခဏထွက်တာ။ ကိုယ်ဝန်ကျမှ Nox ကအရင်ရစရာလား။"

ရှက်လွန်းလို့ နေရာမှာတင်အရည်ပျော်သွားမိချင်တော့သည်။ Park JongSeong ကတကယ်ပြောရဲဆိုရဲရပ်ကွက်ကပါလား။ Sunghoon ဘာပြန်ပြောရမှန်းတောင်မသိတော့ဘဲ Nox ကိုပဲပွတ်သပ်နေမိတော့သည်။

Gentle Rain Street (Jayhoon)Where stories live. Discover now