Part-2(Uni+Zawgyi)

516 25 26
                                    

(Unicode)

-The next day-

နွေရာသီဆိုပေမဲ့ တောင်ပေါ်ဒေသဖြစ်သောကြောင့်ရေများအနည်းငယ် အေးနေသည်။ မနက်စောစောဆိုတော့ မြူမှုန်များလဲအနည်းငယ်ရှိနေသေးသည်။
စွယ်မျက်နှာသစ်သွားတိုက်ပြီး အိမ်ရှေ့သို့ထွက်လာမိတော့သည်။၆နာရီ၄၅မိနစ် ပဲရှိသေးသောလည်း တစ်ခါမှ မရောက်ဖူးသောကြောင့် တက်ကြွတဲ့ကြက်ဖ ဖြစ်နေသည်။

"ဟော သားတောင်နိုးပြီလား"

စွယ်အိမ်ရှေ့ထွက်တော့ ဖေဖေက အိမ်ရှေ့ဧည့်ခန်းမှာသတင်းထိုင်ကြည့်နေသည်။

"ဟုတ် ဈေးသွားမလို့လေ ဖေဖေ"

"ဟုတ်ပါပြီကွာ ဒါနဲ့ဘယ်လိုသွားမှာလဲ သားကဈေးကိုကောသိပြီမလို့လား"

ဖေဖေကအံဩသလိုလေးပြောလာသည်။မ‌နေ့ကရောက် ဒီနေ့ဈေးတန်းသွားဆိုတော့ အံဩလို့နေသည်။စိုင်းနဲ့သွားမှာ ဖေဖေမှမသိသေးဘဲ!စွယ်လဲ မနေ့က ပန်း,နေတာနဲ့ ဖေဖေနဲ့စကားတောင်သေချာမပြောဖြစ်!

"ဟီးးး သိ‌ဘူးလေ မနေ့ကသားငှားလာတဲ့ကားကော
အဲ့ကားမောင်းတဲ့ဦးလေးရဲ့သား လိုက်ပို့မှာလေ၊သားမနေ့က ဖေဖေကိုပြောဖို့မေ့သွားတာ"

စွယ်ပြောတော့ ဖေဖေက ပြုံးကာပြန်ပြောလာသည်။

"အေးပါ အေးပါ သူငယ်ချင်းတောင်ရနေပြီပေါ့
ငါ့သားက"

"ဟုတ် လူငယ်အချင်းချင်းဆိုတော့ ခဏလေးနဲ့သိသွားတာ ဟီးး"

စွယ်တို့သားအဖစကားပြောနေတုန်း အိမ်အရှေ့ဝကစိုင်းရဲ့ခေါ်သံကိုကြားလိုက်သည်။

"စွယ် ရေ စွယ်.."

"ငါ‌ဒီမှာ!စိုင်း လာလေ"

စွယ်ခေါ်လိုက်မှ စိုင်းကအိမ်ပေါ်တတ်လာသည်။ဖေဖေကို ရှိန်နေတာထင်သည်။ အင်းပေါ့!ကိုယ့်အဖေကအရိုက်ကြမ်းတဲ့ဆရာကြီးလို့ နာမည်ကျော်နေတာကို စိုင်းကကြောက်မှာပေါ့!

"သွားမယ်လေ စွယ်.."

"အင်း ဖေဖေသား‌တို့သွားပြီနော်"

"အေ အေ ခဏ!ရော့မုန့်ဖိုးယူသွားအုံး"

စွယ်သွားမယ်ဆိုကာ ဖေဖေကိုပြောတော့ဖေဖေကခဏ ဆိုပြီးအိပ်ခန်းထဲဝင်ကာငါးထောင်တန်တစ်ရွက် ယူကာပေးလာသည်။

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Where stories live. Discover now