Extra(2)

435 17 4
                                    

(Unicode)
.
.
.
.
.

နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်၏ ပထမဆုံးလကိုတောင်ရောက်လာခဲ့ပြီဖြစ်သည်။ စွယ် ဒီလ, လဝက်လောက်တွင် မန္တလေးကိုပြန်ဖို့ရှိသည်။ စိုင်းကတော့ဘာမှမပြော။ စွယ်ကစိုင်းကို မန္တလေးသို့အလည်ခေါ်သော်လည်း စိုင်းက အင်းမလုပ်အဲမလုပ်ပေ။

"စိုင်း..."

"ဟင်..ပြောလေစွယ်"

"မန်းလေးကိုမလိုက်ချင်ဘူးလားဟင်..."

"စွယ်ကဘယ်နေ့သွားမှာလဲ?"

"25ရက်နေ့လေ..."

"အင်းပါ"

စွယ်နဲ့စိုင်းယခု ဘုရားပေါ်တွင်ဖြစ်သည်။ ရပ်တော်မူဘုရားပေါ်တွင် ထိုင်ခုံများလုပ်ပေးထားသည်။ စွယ်တို့ ထိုနေရာတွင်ထိုင်ကာ အောက်ကရှုခင်းများကိုကြည့်ကာ စကားစမြည်ပြောနေကြတာဖြစ်သည်။

"စွယ်...ပြန်ရအောင်လေ"

"အွန်း...ပြန်မယ်လေ"

ထိုသို့ဖြင့်စွယ်တို့အိမ်သို့သာပြန်ခဲ့လိုက်ကြသည်။ စွယ် စိုင်းမလိုက်ချင်သည်ကို အတင်းမလိုက်ခိုင်းစေချင်။ ထို့ကြောင့်ထိုအကြောင်းအား‌ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။

.....

အိမ်သို့ပြန်ရောက်တော့ စိုင်းကိုအိမ်ခဏခေါ်လိုက်သည်။ မိုးလဲမချုပ်သေးတော့ အိမ်လိုက်ခဲ့ရန်အဆင်ပြေသေးသည်။

"စိုင်း ရေသောက်မလား"

"အင်း"

"ရော့...ရေ"

စိုင်းရေသောက်ပြီးသောအခါ ဟိုကြည့်ဒီကြည့်လုပ်ကာ စွယ့်အားမေးလိုက်သည်။

"စွယ်..ဆရာကြီးကော"

"ဖေဖေ လမ်းလျှောက်ထွက်သွားတယ်ထင်တယ်"

"ဪ..."

"အင့်....ဘာ...ဘာလုပ်တာလဲ"

"အင်းးး လာပါအုံးနမ်းချင်လို့"

နမ်းချင်လို့ဟုဆိုကာ စွယ့်အားအတင်းဖက်၍နမ်းနေသောစိုင်းပါလေ။ စွယ်ကလဲ အနမ်းမခံတာမဟုတ်ပေမဲ့ စချင်၍ ဟိုရှောင်ဒီရှောင်လုပ်လိုက်သည်။

"ဟင်...ကိုယ့်ကိုရှောင်တယ်ပေါ့...လာအုံး ရှောင်ချင်တဲ့ဒီခန္ဓာကိုယ်လေးကိုအပြစ်ပေးရမယ်"

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 22, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Donde viven las historias. Descúbrelo ahora