Part-1(Uni+Zawgyi)

2.2K 55 6
                                    

(Unicode)

6လပိုင်း 11ရက် စနေနေ့

ကျွန်တော့်မွေးရပ်ဖြစ်တဲ့မန္တလေးမြို့ကနေ ကျွန်တော်ဆယ်တန်းဖြေပြီး‌ ကျောင်းတွေပိတ်တဲ့အချိန်မှာကျွန်တော့်ဖေဖေတာဝန်ကျတဲ့'ဟိုပန်'ဆိုတဲ့မြို့လေးကို 'မန္တလာ'ဆိုတဲ့Express ကားလေးဖြင့် တစ်ယောက်ထဲခရီးနှင်ခဲ့သည်။‌ ကျောင်းပိတ်ပိတ်ချင်းတော့လာခဲ့တာမဟုတ် 2လ‌ကျော်ကျော်လောက် မန္တလေးမှာပတ်လည်ခဲ့သေးသည်။ အသက်၁၆နှစ်ပြည့်ပြီးသောလူငယ်တစ်ယောက်ဖြစ်သော်လည်း တစ်ယောက်ထဲခရီး တစ်ခါမှမသွားဖူးသေး‌‌သော‌ကြောင့်ကျွန်တော်စိတ်အရမ်းလှုပ်ရှားပါသည်။တောင်တက်တောင်ဆင်းများ၊အကွေ့အ‌ကောက်များ များစွာရှိသောလည်း လမ်းတစ်လျှောက်ရှုခင်းများကိုကြည့်ရင်း 'ဟိုပန်'ဆိုတာဘယ်လိုမြို့လေးဖြစ်မလဲ ဆိုပြီး တွေးနေမိလိုက်သည်။

"ခရီးသည်များအားလုံးခင်ဗျာ ကျွန်တော်တို့ရဲ့ခရီးပန်းတိုင်ဖြစ်တဲ့လာရှိုးမြို့ကိုရောက်ပါပြီ ခင်ဗျာ အားလုံးပဲကိုယ့်ခရီးဆောင်အိတ်များကိုသေချာစစ်ယူသွားကြပါခင်ဗျာ"

ဟူးးးလာရှိုးတော့ရောက်ပြီ 'ဟိုပန်'ကိုခရီးဆက်ဖို့ပဲကျန်တော့တယ် ပင်ပန်းလိုက်တာကွာ ကားကလဲနှစ်ဆင့်စီးရသေးတယ်

"ကောင်လေး ဘယ်ကိုသွားမလို့လဲ မူဆယ်လား သိန္နီလား"

"မဟုတ်ဘူးဗျ ကျွန်တော်က ဟိုပန်သွားမှာ"

"ဪ ဟုတ်ပါပြီကွယ်"

"ဘယ်ကိုသွားမလို့လဲဗျ"

စွယ်တော်နှင့်ရွယ်တူကောင်လေးတစ်ယောက် စွယ်တော့်ကိုလာမေးနေသည်ကို စွယ်တော် ခဏ ကြောင်သွားသည်။အကြောင်းမှာ 'သူနှင့်ရွယ်တူကောင်လေးကကားမောင်း‌တဲ့သူလား?ငါတောင်အခုမှတစ်ယောက်ထဲခရီးထွက်ဖူးတာလေ ငါနဲ့ရွယ်တူတစ်ယောက်ကကားတောင်မောင်းတတ်ပြီး ကားဆရာဖြစ်နေပြီပေါ့ ဒီဘက်အရပ်ကဒီလိုပဲလား?အသက်မပြည့်သေးဘဲကားမောင်းလို့ရပြီပေါ့' စွယ်တော်အတွေးပေါင်းစုံတွေးနေတုန်း...

"ဒီမှာဗျ ဘယ်ကိုသွားမှာလဲဗျ"

"အော် ဟုတ် ကျွန်တော်က 'ဟိုပန်' ကိုသွားမှာပါ"

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Onde histórias criam vida. Descubra agora