Extra(1)

370 19 0
                                    

(Unicode)
.
.
.
.
.

ဒီနေ့ကပုံမှန်နေ့တွေထက်ပို၍ အအေးပိုကဲနေသည်။ ဒါပေမဲ့ ကျွန်တော်ကတော့မအေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာက ကျွန်တော့်ရဲ့ချစ်သူ‌လေး စိုင်းရှိတာကိုး။ ယနေ့ကတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ပွဲတော်‌နေ့တစ်ခုဖြစ်တဲ့ ခရစ္စမတ်ပွဲတော်နေ့‌ဖြစ်‌လေသည်။ ဒါကခရစ်ယာန်ဘာသာဝင်တွေရဲ့ပွဲတော်ဖြစ်ပေမဲ့ ကျွန်တော်နေတဲ့ ဒီဟိုပန်မြို့ကလူတိုင်းက ပွဲတစ်ခုရှိပြီဆို ကိုယ့်ပွဲဖြစ်ဖြစ်၊သူ့ပွဲဖြစ်ဖြစ်သွားတတ်ကြသည်။ ကျွန်တော်လည်းအဲ့လိုပါပဲ၊ ကိုယ့်ပွဲမဟုတ်ပေမဲ့..ကျွန်တော့်ချစ်သူလေးနဲ့ ပွဲလည်ပြီး အတူတူရှိချင်သောကြောင့် ဒီနေ့ညကျွန်တော်တို့အတူသွားကြမည်ဖြစ်သည်။

ခရစ္စမတ်ပွဲကဘယ်မှာလုပ်မှာလဲဆိုတော့ ခရစ်ယာန်ဘုရားကျောင်းထဲမှာပါ။ ဘုရားကျောင်းတစ်ကျောင်းလုံးကိုအလှဆင်ထားတာ‌ လှလိုက်တာများ ပြောမနေနဲ့တော့။ ဘယ်လိုသိတာလဲဆိုတော့ မနေ့ကကျွန်တော်နဲ့ စိုင်းတစ်ခေါက်သွားပြီးပြီလေ။ ပွဲစ,မှာက ဒီနေ့25ရက်နေ့မှ..။ 1ရက်နေ့အထိလို့ပြောတာပဲ ဟုတ်မဟုတ်တော့‌ သေချာမသိ‌ပေ။ ခရစ္စမတ်ပွဲမှာ ဘုရားကျောင်း၏အလယ်တွင် ထင်းမီးပုံအကြီးကြီးကို‌ မွှေးကာ လူကြီးလူငယ်ကျားမ၊ လူမျိုးဘာသာမရွေးဝိုင်းဖွဲ့ကာ လက်ချင်းတွဲ၍ ကခုန်ကြသည်ပဲဖြစ်သည်။

"စွယ်ရေ...စွယ်..."

ဟော်...စိုင်းရောက်လာပြီထင်တယ်။ စိုင်းကစွယ်နဲ့စ,သိတဲ့အချိန်ကတည်းကနေ ချစ်သူဖြစ်ပြီးတဲ့ ဒီနေ့အထိ နေ့တိုင်းမပျက် မနက်စာဝယ်လာပေးပါသည်။ တခါတလေ စိုင်းနဲ့အတူစွယ်လိုက်သွားပေမဲ့ တခါတလေဆို စိုင်းကဝယ်လာတတ်ပါသည်။

"အိပ်နေတုန်းလား? ထတော့လေ..စွယ်ရဲ့..ဆရာကြီးတောင်လမ်းလျှောက်ကပြန်လာပြီ.."

စိုင်းက စွယ့်အခန်းထဲလာကာ ကုတင်ပေါ်၌ထိုင်ပြီး စွယ့်ဆံပင်လေးအား သပ်ကာပြောနေသည်။

"အင်းးးမျက်နှာကသစ်ပြီးသွားပြီ....ဒီတိုင်းအေးလို့ကွေးနေတာ..ဟိဟိ...."

စွယ် စိုင်းကိုပြန်ပြောကာ သွားစွယ်လေးများပေါ်တဲ့အထိရယ်ပြလိုက်သည်။

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ