Part-6(Uni+Zawgyi)

308 21 0
                                    

(Unicode)

"ပြောလေ သားရဲ့..ပွင့်ပွင့်လင်းလင်းသာပြော ဟုတ်ပြီလား.."

"ဟုတ်.."

"သားလေ လူတစ်ယောက်ကို ချစ်မိသလိုဖြစ်နေတယ် ဖေဖေ..သူက သားလို..."

စွယ် ခေါင်းလေးငုံ့ကာ အသံလေးတိုးသွားသည်။
တစ်ကယ်တော့ စွယ်ကြောက်နေပါသည်။ အကယ်၍ဖေဖေကသာ လက်မခံခဲ့ရင် စွယ်လဲ ခံစားချက်တွေကို တစ်သက်လုံးသိမ်းဆည်းထားရင်း လူပျိုကြီးသာလုပ်မည်ဟု  စဉ်းစားထားပါသည်။စွယ့်အသက်က 16နှစ်ပဲရှိ‌သေးတာမလို့စိတ်ကစားတယ်လို့ စွယ်တော့မထင်။ စိတ်ကစားတယ်မကစားဘူးဆိုတာသေချာအောင်တော့ စွယ်သေချာပေါက် စဉ်းစားဆုံးဖြတ်မှာ အမှန်ပင်။

"ပြောလေ သားရဲ့..ဘာမှမဖြစ်ဘူး ပွင့်ပွင့်လင်းလင်းပြောလို့ သားကိုဖေဖေပြောတယ်လေ ဖေဖေဆူလဲမဆူဘူး။ ရိုက်လဲမရိုက်ဘူး ဟုတ်ပြီလား.."

"ဟုတ်ကဲ့..သူက သားလိုပဲ ယောက်ျားလေးပါ ဖေဖေ.."

စွယ်စကားခဏရပ်ကာ ဖေဖေ့ကိုကြည့်လိုက်သည်။ ဖေဖေကတော့ လုံးဝမအံဩ၊ ဆက်ပြောဆိုသည့်ပုံစံမျိုးဖြင့် ခေါင်းညိတ်ကာ စွယ့်ကိုပြုံးပြသည်။
စွယ်လဲ ဆက်ပြောရန်သာရှိတော့သည်။ ဖေဖေကမအံဩသဖြင့် စွယ့်မှာပြန်၍ပင်အံဩရသည်။

"သားလေ သူ့ကို စိတ်ဝင်စားတယ်ပဲပြောရမလားမသိဘူး ချစ်တယ်လြိ့တော့မဖြစ်သေးဘူး။ သားစိတ်ထဲမှာ ဒွိဟဖြစ်နေတယ် ဖေဖေ.."

"သားကပိုသေချာအောင်သိချင်တယ်မလား?ဒါပေမဲ့ အဲ့ကောင်လေး သူများနောက်ပါသွားမှာလဲစိုးတယ် ဟုတ်တယ်ဟုတ်"

"ဟုတ်တယ် ဖေဖေ သားစိတ်ကိုသေချာမသိသေးသလိုပဲ ဘယ်လိုလုပ်ရမလဲဟင်"

"သားစိတ်ကို သေချာသိချင်ရင် သားသူနဲ့3လလောက်မတွေ့ဘဲနေကြည့်ပါလား..သားတို့ဒီအရွယ်က စိတ်ကစားတဲ့အရွယ်လေ..မဟုတ်ဘူးလား"

"ဟုတ်ကဲ့ ဖေဖေ..သား...သားဖေဖေပြော‌သလို လုပ်ကြည့်ပါ့မယ်..သားသူနဲ့3လလောက်မတွေ့ဘဲနေရမယ်ဆိုရင် သားဒီမှာနေလို့ရမှာမဟုတ်ဘူးလေ"

"အင်းးးကောင်းပြီလေ ဒါဆို သားမန္တလေးကို3လလောက်သွားနေလိုက်..သီတင်းကျွတ်မှပြန်လာခဲ့လိုက်လေ..မကောင်းဘူးလား"

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ