Part-7(Uni+Zawgyi)

339 21 0
                                    

(Unicode)

-4 months later-

ဘာလိုလိုနဲ့ အခုဆိုရင်4လတောင်ကြာသွားခဲ့ပြီ။
ကျွန်တော့်ခံစားချက် အစစ်အမှန်တွေကိုလဲ သိသွားပြီ။ ဆယ်တန်းကိုလဲ 5Dနဲ့အောင်ခဲ့ပြီ။ စိုင်းကော Dဘယ်နှလုံးပါမလဲမသိဘူး။ အခုကျွန်တော်
'ဟိုပန်'ကိုသွားတဲ့ ကားပေါ်မှာ.. အရင်လာခဲ့သလိုပဲပေါ့ 'မန္တလာ'ဆိုတဲ့ Express ကားလေးနဲ့ 'ဟိုပန်' ဆိုတဲ့ မြို့လေးကို နောက်တစ်ကြိမ်ပြန်သွားနေတာပေါ့။

ပထမအကြိမ်လာတုန်းကလိုတော့ စိတ်မလှုပ်ရှား၊
သို့ပေမဲ့ စိုင်းနှင့်ပြန်တွေ့ရမှာဆိုတော့ နည်းနည်းတော့စိတ်လှုပ်ရှားမိပါသည်။ စွယ်ပြန်သွားသည့်လအတွင်းမှာ စွယ်နဲ့စိုင်း 1လလောက်အဆက်သွယ်ပြတ်မလိုဖြစ်ခဲ့ပါသေးသည်။ နောက်မှနေ့တိုင်းဖုန်းအဆက်အသွယ်ပြန်ရသွားခြင်းဖြစ်သည်။

စွယ်တို့ကရယ်ရတယ်...ဖုန်းနံပါတ်ပဲကိုယ်စီလဲလှယ်ထားတာ၊ Fb Accတွေ၊ IG Accတွေ တစ်ခုမှ အလဲအလှယ်မလုပ်၊ ဖုန်းဖြင့်သာဆက်သွယ်ကြသည်။ တစ်ခါတစ်လေ Messageပို့ကြသည်။

ခဏကြာတော့ လားရှိုးမြို့ကိုရောက်ပြီဖြစ်သည်။
ကားက ကားကွင်းထဲ ရပ်လိုက်ပြီး ခရီးသည်များကို လားရှိုးမြို့သို့ရောက်ပြီဖြစ်ကြောင်း ကြေညာသည်။

"ခရီးသည်များအားလုံးခင်ဗျာ ကျွန်တော်တို့ရဲ့ခရီးပန်းတိုင်ဖြစ်တဲ့လာရှိုးမြို့ကိုရောက်ပါပြီ ခင်ဗျာ အားလုံးပဲကိုယ့်ခရီးဆောင်အိတ်များကိုသေချာစစ်ယူသွားကြပါခင်ဗျာ"

စွယ်ကားပေါ်မှ အောက်ကိုဆင်းလိုက်သည်။ပြီးနောက် အသက်ကို ဝ,အောင်ရှူသွင်းလိုက်ပြီး ပြန်ထုတ်လိုက်သည်။ 'ဟိုပန်'သို့သွားမည့်ကားကို စွယ်တစ်ချက်လိုက်ရှာကြည့်လိုက်သည်။

"ဘယ်သွားမလို့လဲကွဲ့"

"အော်..ကျွန်တော် 'ဟိုပန်' မြို့ကိုသွားမှာပါဗျ"

"ဒါဆို လာကြိုမဲ့ကားရှိလား ဦးလေးက 'ဟိုပန်' ပြန်မှာကွဲ့"

"ဟုတ်ကဲ့ လာကြိုမဲ့ကားမရှိပါဘူးဗျ ဒါဆိုကျွန်တော်လိုက်ခဲ့မယ်ဗျ"

"အေး အေး လာ..လာ..အထုတ်ကဒါပဲလား"

"ဟုတ်ကဲ့.."

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Où les histoires vivent. Découvrez maintenant