Part-4(Uni+Zawgyi)

336 22 0
                                    

-3:00 PM-

3နာရီထိုးတော့ဖေဖေ ကျောင်းကပြန်လာသည်။

"ဖေဖေ ပြန်လာပြီလား သားရေသွားခပ်လိုက်အုံးမယ်"

စွယ် မေးလဲမေးကာ လက်ကလဲ ဖေဖေ့ဆီမှ ပစ္စည်းများအား ယူလိုက်သည်။

"အေ အေ"

"ဖေဖေ..ရေ"

"ရင်ထဲကိုအေးသွားတာပဲ သားရှိတာ ကောင်းတယ်သိလား ဖေဖေ အခုလိုအိမ်ပြန်လာရင် သားကရေခပ်တိုက် ဖေဖေ့ပစ္စည်းတွေသယ်ကူနဲ့ အမောကိုပြေနေရော ဒါကြောင့်ဖေဖေက သားကိုဒီမှာနေစေချင်တာ"

"ဟုတ်ကဲ့ပါ ဖေဖေရဲ့ ဒါနဲ့ကျူရှင်သွားရအုံးမှာမလား"

ဖေဖေကတော့ သူဖြစ်ချင်တဲ့ဆန္ဒတွေကို ပြောပြလာသည်။ စွယ်လဲနေချင်ပါတယ် ဒါကြောင့်လဲ နေ,နေတာပေါ့..

"ဟုတ်တယ်လေ အခုပဲသွားမှာ ပစ္စည်းတွေလာထားတာ စာအုပ်ကတစ်အုပ်ပဲယူသွားရမှာလေ ဒါနဲ့သားကော ရေမချိုးသေးဘူးလား"

"သား စိုင်းနဲ့ ရေချောင်းသွားမှာလေ ဟီးးးး"

စွယ် ပြောပြလိုက်တော့မှ ဖေဖေက ခေါင်းလေးတညိတ်ညိတ်ဖြင့် အိပ်ခန်းထဲဝင်သွားသည်။ခဏကြာတော့ ဖေဖေ အင်္ကျီလဲပြီး ထွက်လာသည်။

"ဖေဖေ .. အိမ်သော့ကို ဘယ်နားထားခဲ့ရမလဲ"

"ပန်းအိုးထဲထည့်ခဲ့လေ..သားက ဘယ်အချိန်သွားမှာလဲ"

"ခဏနေ စိုင်းလာခေါ်ရင်သွားတော့မှာ..."

"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဖေဖေသွားမယ် ဟုတ်ပြီလား"

စွယ် ဖေဖေ့အား ခေါင်းလေတစ်ချက်ညိတ်ကာ "ဟုတ်ကဲ့" ဟုပြောလိုက်သည်။

နာရီဝက်လောက်ကြာတော့ စိုင်းက အိမ်သို့ရောက်လာသည်။ စိုင်းက အဲ့လိုလည်း အချိန်မှန်တတ်သေးသည်။ စွယ်တို့ အင်္ကျီအဝတ်အစားများယူပြီး ရေချောင်းသို့ထွက်လာသည်။ သော့ကိုတော့ ဖေဖေပြောသလို အိမ်ရှေ့က ပန်းအိုးထဲသို့ထည့်ခဲ့လိုက်သည်။ စွယ်တို့ ရေချောင်းသို့ရောက်တော့ လူအနည်းငယ်ရှိသည်။ အများကြီးတော့မဟုတ်လေးငါးခြောက်ယောက်လောက်၊ ‌တစ်ချို့က အဝတ်လျှော်နေသည်။ တစ်ချို့ကတော့ ရေကူးနေကြသည်။ကလေးတွေလဲရှိပါသေးသည်။ ကလေးတွေလဲ ရေကူးတတ်ကြသည်။ ကြည့်ရတာ လေးငါးနှစ်လောက်ပဲရှိအုံးမည်ထင်သည်။ ငယ်ငယ်လေးနှင့်ရေကူးတတ်တာ စွယ့်မှာ အားကျလို့မဆုံး။

တောင်တန်းတွေကိုသစ္စာတည် (တောင်တန်းတွေကိုသစ္စာတည်) (Complete)Место, где живут истории. Откройте их для себя