[Z] Chapter-2 : Domineering Kiss

1.5K 15 2
                                    

အပိုင်းနှစ် - ဗိုလ်ကျခြယ်လှယ်သောအနမ်း

"မလုပ်!....အူးးးး....မလုပ်နဲ့!!"
ရှောင်နန် မျက်လုံးကိုမှိတ်ထားပြီး ခေါင်းခါကာ တီးတိုးပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်နေကာ အဖွားအသံကိုကြားလိုက်ရသလိုပဲ။

"မြေးလေး ထတော့လေ။ ဒီကလေးကတော့ အိပ်မက်ဆိုးတွေ ထပ်မက်နေတာပဲဖြစ်ရမယ်။"

အဖွားက သူ့ကိုခေါ်နေတာပဲ။ရှောင်နန် အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သောအခါ အဖွားရဲ့ချစ်စဖွယ်မျက်နှာလေးကို တွေ့လိုက်ရသည်။ ချစ်စရာချွဲတဲတဲအသံလေးနဲ့ "အဖွားးး" လို့ခေါ်လိုက်ပြီး အားကိုးတကြီးဖက်လိုက်ကာ ငိုမိတော့သည်။

သူက လိင်ကိစ္စတွေနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့လူငယ်လေးပင်ဖြစ်သည်။ ဒီလိုမတရားအနိုင်ကျင့်ခံရတာကို တစ်ယောက်ယောက်ကို ပြောပြဖို့ တကယ်ကိုခက်ခဲပါသည်။အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်သော်လည်း မျက်ရည်တွေက ထိန်းမရဘဲ ကျလာတော့ပေသည်။

"ဟဟ "
တစ်ယောက်ယောက်ရယ်နေတာလား။
ရှောင်နန် သူ့အဖွားရဲ့လက်တွေကြားထဲကနေ မျက်လုံးလေးစွေကြည့်လိုက်ရာ တစ်ကိုယ်လုံး တောင့်ခဲသွားလေသည်။အဖွားက ပြုံးပြီးပြောလိုက်သည်။
"ဒါ မင်း ဦးလေးလေ၊ မမှတ်မိဘူးလား?။ မြေး ကလေးဘဝတုန်းက ချီပိုးခဲ့တာလေ၊ အဲ့တုန်းက သူက အိမ်မှာနေတာများတော့ မြေးကတူတူကစားမယ်ဆိုပြီး နောက်ကတစ်ကောက်ကောက်လိုက်နေတာ၊ ကျောင်းမှာစာပဲလုပ်ပြီး ကိုယ့်ကိုယ်ကို သေချာဂရုမစိုက်တာအမှန်ပဲပေါ့လေ အခုတောင် ဘတ်စ်ကားပေါ်မှာအိပ်ပျော်သွားလို့ ဦးလေးက အိမ်အရောက်ချီလာခဲ့ရတယ်။ အိမ်အထိသယ်ခေါ်လာပေးတဲ့ဦးကို ကျေးဇူးတင်လိုက်ဦးလေ။ ကြည့်ပါဦး! မြေး အိပ်ပျော်နေတာ တစ်နေ့ခင်းလုံးပဲ၊ နေ့လည်စာတောင် ထမစားဘူး။"
ကောင်လေးရဲ့ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ပြီး
" အခု ညစာစားချိန်တောင်ရောက်ခါနီးနေပြီပဲ။ စွပ်ပြုတ်ကတော့ ကျက်နေပြီ။ အဖွား ဟင်းနှစ်မျိုးပဲ ချက်ဖို့ကျန်တော့တာ။ မြေးတို့တူဝရီး စကားလေးဘာလေးပြောကြဦးလေ ၊ အဖွား ဟင်းသွားချက်လိုက်ဦးမယ်၊အကုန်ကျက်ရင်ခေါ်လိုက်မယ်နော် ။"

ဘတ်စ်ကားပေါ်က ချစ်ဇောဟုန် [ပြီး]Where stories live. Discover now