[Z] Extra-2 : Mom's just outside

1.5K 14 0
                                    

အပိုင်းပို-နှစ် : မေမေကအပြင်ဘက်မှာ

"နန်နန်...."
မဖြစ်ဘူး! မေမေ ပြန်လာပြီ!!

"ဦးး,ရပ်ပေးဦး!"
ရှောင်နန်က အထိတ်တလန့်နဲ့ပြောလိုက်သည်။

ရှောင်နန်ကကြောက်လန့်နေတဲ့မျက်နှာလေးနဲ့ရပ်ပေးဖို့ပြောလိုက်ပေမဲ့ ထိုလူက မရပ်ပေးတဲ့အပြင်ဆက်လုပ်နေသေးသည်။
"ဘေဘီ ကိုယ့်ကို ယောက်ျားလို့ခေါ်ကွာ"

"နန်နန် ခုထိအိပ်နေတုန်းလား"
မေမေ့ခြေလှမ်းတွေက အခန်းဆီကို ပိုပိုနီးကပ်လာသည်။

ရှောင်နန့်လည်ချောင်းထဲမှာ စကားလုံးတွေကရှိနေပေမဲ့ ထုတ်မပြောနိုင်သဖြင့် စိုးရိမ်တကြီးနဲ့ငိုချလိုက်မိတော့သည်။

"အာ ထားလိုက်ပါတော့ "
ထိုလူက နည်းနည်းတော့ စိတ်ပျက်လက်ပျက်ဖြစ်ကာ နောက်ဆုတ်သွားပြီး ကောင်လေးကိုရေချိုးခန်းဆီခေါ်သွားကာ ရေပန်းခလုတ်ကိုဖွင့်လိုက်သည်။

"နန်နန်?"
မေမေက အခန်းတံခါးကိုခေါက်ပြီးခေါ်နေသည်။

"မေမေ သား ရေချိုးနေလို့"
ရှောင်နန် ရေချိုးခန်းထဲကနေ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အို အခုဟင်းချက်လိုက်ဦးမယ် ခဏနေရင် စားကြမယ်နော်"

"ဟုတ် မေမေ"

ထိုလူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်ကို ဆေးကြောပေးနေသည်။ အဲ့ဒါက ရှောင်နန့်ကို နည်းနည်းပျာယာခတ်စေပြီး မသက်မသာဖြစ်စေသည်။ထိုလူရဲ့တည်တံ့နေတဲ့မျက်နှာကိုကြည့်ရင်း ဂရုတစိုက်နဲ့ မေးလိုက်သည်။
" ဦး စိတ်ဆိုးသွားတာလားဟင်"

"မဟုတ်ဘူး"
(တကယ်တော့ "No"လို့တစ်လုံးတည်းပြန်ပြောတာပါ၊စာချောအောင်ဘယ်လိုပြန်ရမလဲသိပ်မသေချာလို့ )

ရှောင်နင် ကောင်လေးကိုဆေးကြောပေးပြီးသွားတော့ သူလဲ ရေချိုးလိုက်တယ်။ သူ စိတ်မဆိုးဘူးလို့ပြောလိုက်ပေမဲ့ တကယ်တော့ နည်းနည်းလေးစိတ်မကောင်းဖြစ်မိတာပေါ့။ အစပိုင်းမှာ ကောင်လေးကို သူကဖိအားပေးခဲ့ရပေမဲ့ အခုတော့သူတို့နှစ်ယောက်ဆက်ဆံရေးက အခြေအနေကောင်းလာပြီလို့ထင်ရသည်။ အဲ့တာကြောင့် သူ အရမ်းလောဘကြီးမိသွားတာ၊ သူ့ကိုယ်သူ ရယ်ဖို့သာတတ်နိုင်တော့သည်။

ဘတ်စ်ကားပေါ်က ချစ်ဇောဟုန် [ပြီး]Where stories live. Discover now