[Z] Extra-3 : Confession

2.4K 15 0
                                    

အပိုင်းပို-သုံး : ဖွင့်ပြောခြင်း

ကောင်လေးက သူ့စိတ်ကိုပြင်ဆင်ပြီးတည်ငြိမ်အောင်လုပ်နေသည်။ ဒါပေမဲ့ သူ ဓာတ်လှေကားနံပါတ်တွေပြောင်းပြောင်းလာတာကိုကြည့်နေရင်း စိတ်အရမ်းလှုပ်ရှားလာလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ။

"ဒင်!"

သူ့နှလုံးသားကဒရမ်တီးနေသလိုခုန်နေတာကို ရှောင်နန်ခံစားမိ၏။ ဓာတ်လှေကားထဲကနေ ခြေသံဖွဖွနင်းပြီးထွက်လာလိုက်သည်။

တစ်နေ့နေ့မှာ သူ့ဦးလေးဖြစ်တဲ့သူတစ်ယောက်ကို ဖွင့်ဟဝန်ခံရမယ်လို့ ရှောင်နန် ဘယ်တုန်းကမှတွေးမထားခဲ့ဘူးပေ။ ဒါက မဖြစ်သင့်တဲ့၊ရှောင်ကြဉ်သင့်တဲ့အချစ်မှန်း သူသိပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် သတိမထားမိခင်မှာ ချစ်မိပြီးသွားပြီလေ။

ရှောင်နန် အခန်းနံပါတ် ၇၀၈ရှေ့မှာရပ်ပြီး လူခေါ်ဘဲလ်လေးကို နှိပ်လိုက်သည်။ တစ်ကြိမ်၊နှစ်ကြိမ်....နည်းနည်းကြာတဲ့အထိ တံခါးလာမဖွင့်ပေ။
'ဦး ဘယ်များသွားနေတာပါလိမ့်?'
အခန်းတံခါးကိုကျောမှီပြီးငုတ်တုတ်ထိုင်ချလိုက်မိသည်။အခုက ညနေစောင်းနေဝင်ခါနီးအချိန်ဖြစ်တယ်။ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သဖြင့် ရာသီဥတုကလဲအေးစက်နေသည်။ ရှောင်နန် အိမ်ကအစောတလျင်ထွက်လာခဲ့မိသဖြင့် အပေါ်ထပ်ကုတ်အင်္ကျီပင်ပါမလာခဲ့ချေ။ ဟိုတယ်မှာအပူပေးစနစ်တွေတပ်ထားပေမဲ့လဲ သူငုတ်တုပ်ထိုင်နေတဲ့အခန်းတံခါးက အေးနေဆဲပင်ဖြစ်သည်။ ရှောင်နန်က သူ့ဒူးခေါင်းလေးကိုလက်နဲ့ပိုက်ကာ ခေါင်းကိုငုံ့ချလိုက်မိသည်။သူ့ပုခုံးတွေကလဲ အနည်းငယ်တုန်ယင်နေသည်။
'ဦးက စိတ်ဆိုးပြီးထွက်သွားတာလား....သူ ငါ့ကိုနောက်ထပ်မလိုချင်တော့တာလား......'

ရှောင်နန်က ဒီလိုတစ်ခါမှမချစ်ခဲ့ဖူးသလို ချစ်သူရည်းစားလဲ တစ်ခါမှမထားခဲ့ဖူးပါ။ စစချင်းပြန်တွေ့ပြီးကတည်းက ရှောင်နင်ကပဲ သူ့ကိုဂရုစိုက်ပေးခဲ့တာ။ သူတို့နှစ်ယောက်မတွေ့ဖြစ်တဲ့အချိန်တွေဆိုလဲ အမြဲဖုန်းဆက်ပေးခဲ့တာ။

ဘတ်စ်ကားပေါ်က ချစ်ဇောဟုန် [ပြီး]Where stories live. Discover now