part - ( 1 )

2.6K 98 4
                                    


သူ့ကိုယ်ပေါ်က တင်းကြပ်နေတဲ့အထိအတွေ့ကြောင့်
မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့...
ခါးထက်မှာ တင်းကြပ်စွာဖက်တွယ်ထားတဲ့
လက်တစ်ဖက်....သူ အလန်းတကြားရုန်းကာ
ထထိုင်ပြီး ကြည့်လိုက်မိတယ်...

" မဒီ ထက်စံ...ဒါက ဘယ်လိုဖြစ်..."

" မ နိုးပြီလား ခေါင်းရောမူးနေသေးလား
မသက်သာသေးရင် ထပ်အိပ်လိုက်အုန်းနော်"

မရဲ့ ခါးလေးကိုဖက်ပြီး နဖူးပေါ်မှာဝဲကျနေတဲ့
ဆံစလေးတွေကို ခပ်ဖွဖွသပ်တင်ရင်း ပြောတော့
ရုန်းကန်ပြီး အမုန်းမျက်လုံးတွေနဲ့
ကြည့်လာသူလေး...

" ဖယ်...ငါ့ကိုလွှတ် ဒါက ဘာသဘောလဲ
ငါ့ကိုဘယ်နေရာခေါ်လာတာလဲ ငါ ခုချက်ချင်းပြန်မယ်"

" ငယ် မကို ခိုးလာတာ... "

"ဘာ..."

" ဒါက ငယ်နဲ့မ နှစ်ယောက်တည်းနေဖို့အတွက်
အိမ်ကလေး... ငယ်တို့ တစ်သက်လုံးအတူနေကြမယ့်
နေရာလေး ပေါ့... "

" ရူးနေလား မဒီထက်စံ...ခိုးလာရအောင် ငါကအရုပ်လား
သက်မဲ့ပစ္စည်းမို့လား မင်းရူးတိုင်းငါလိုက်မရူးနိုင်ဘူး
ငါ့ကို ခုချက်ချင်းအိမ်ပြန်ပို့... "

တံခါးဝဆီ အ​ပြေးသွားကာတွန်းဖွင့်ရင်း ပြောတော့
ခပ်မဲ့မဲ့အပြုံးကလေးနဲ့... လက်ကလေးပိုက်ကာ...

" ဒီအိမ်ထဲက မပြောနဲ့ ဒီအခန်းထဲကတောင်
ငယ့်ခွင့်ပြုချက်မရှိဘဲ မ ထွက်လို့မရဘူး
ခိုးထွက်ဖို့လဲ မစဥ်းစားနဲ့နော် ကြိုးချည်ခံရမှာကို
မ မကြိုက်ဘူးမလား..."

" အရူး...အရူး...မင်းကအရူးပဲ
ငါ မနေဘူးလို့...အိမ်ပြန်မှာ...အိမ်ကိုပြန်မှာလို့"

ဒေါသ...အလိုမကျခြင်းတွေရောနှောကာ
စီးကျလာတဲ့ မျက်ရည်တွေ...
မဒီထက်စံက ဘာလို့ဒီလောက်ရူးသွားရတာလဲ
ဘယ်လိုရူးသွပ်တဲ့အတွေးတွေ သူ့မှာရှိနေရတာလဲ
ပါးပြင်ထက်က မျက်ရည်တွေကို ခပ်ဖွဖွ
တို့ထိ ဖယ်ရှားပေးတဲ့လက်ကို ပုတ်ထုတ်လိုက်ရင်း...

" ငါနဲ့ ဝေးဝေးနေ... ငါ့အသားကိုမထိနဲ့ "

" မ ဗိုက်ဆာပြီလား ဘာစားချင်လဲ
ငယ် လုပ်ပေးမယ်နော် "

မ ရဲ့ ကြောင်ရိုင်းလေးWhere stories live. Discover now