part - ( 19 )

1.1K 109 14
                                    


ခြံထဲမှာ ဒင်နာပွဲအတွက် ပြင်ဆင်နေကြတာမို့
ဆူညံသံတွေဟာ လွင့်ပျံ့လို့...
အလုပ်က ဝန်ထမ်းအနည်းငယ်ရယ်
အသိမိတ်ဆွေတချို့နဲ့ သူငယ်ချင်းတွေကိုသာ
ဖိတ်ခဲ့တယ်...မကြာခင်မှာ ရောက်ရှိလာတော့မယ့်
သူတို့ရဲ့ ဒင်နာပါတီပွဲညလေး...

မ က ပွဲမစသေးခင် ဝတ်စုံကို အစမ်းဝတ်ကြည့်ရင်း
ကျေနပ်ပီတိဖြစ်နေလေရဲ့...

" မ ခဏနော် ငယ် ခြံထဲသွားအုန်းမယ်
မ ရေချိုးထားနှင့်...မိတ်ကပ်ပြင်ရတော့မှာမလား "

" အင်း...မင်းရော ပြင်ရမှာလေ
မကြာနဲ့နော် "

" အင်းပါ မရဲ့ ငယ် ခဏနေပြန်လာမယ်"

စံ အခန်းထဲက ထွက်သွားပြီး ဘယ်လောက်မှမကြာဘူး
ဖုန်း ဝင်လာတယ်...ကြည့်လိုက်တော့
ချစ်ဖူးငုံရဲ့ ဖုန်း...မကိုင်ဘဲထားလိုက်ကာမှ
အကြိမ်ကြိမ် အခါခါ ခေါ်နေတဲ့ ဖုန်းသံကြောင့် ပိုပြီး
စိတ်ရှုပ်လာရတယ်...ဘာလို့ ဖုန်းဆက်ရတာလဲ
ဘာတွေ အရှုပ်လုပ်အုန်းမလို့လဲ...ချစ်ဖူးငုံ...

ဖုန်းမကိုင်တော့ မက်ဆေ့ကနေ စာလှမ်းပို့လာတယ်
" အစ်မ တစ်ခါလေးပါပဲ ခဏလေးပါပဲ
ဖူးရဲ့ဖုန်းကို ကိုင်ပါနော် နောက်ဆုံးအနေနဲ့
အစ်မအသံလေး ကြားချင်လို့ပါ တစ်ခါပါပဲ
အစ်မရယ် ကိုင်ပေးပါနော် "

ဖုန်းထပ်ခေါ်တော့ ကိုင်လိုက်ရတယ်

" အစ်မ " အသံက တိုးတိုးဖွဖွ လေး...

" ဘာပြောမလို့လဲ...ဘာပြောစရာရှိလို့လဲချစ်ဖူးငုံ
မင်းကို ငါ့ဘက်က ပြောစရာဘာမှမရှိဘူး
ငါတို့ကို မနှောက်ယှက်နဲ့တော့ "

" မဟုတ်ပါဘူး မနှောက်ယှက်ပါဘူး အစ်မရယ်
ဖူး အစ်မအသံလေး ကြားချင်လို့ပါ
အစ်မတို့ ပွဲက ဒီနေ့မလား...နောက်ဆုံးအနေနဲ့
အစ်မကိုလည်း နှုတ်ဆက်ရင်း စကားပြောချင်ရုံလေးပါ"

" ခဏနေ ဒင်နာရှိတယ်
ငါ မိတ်ကပ်ပြင်ရတော့မှာ "

" ဖူးရဲ့အချစ်က အစ်မတို့ကို နှောက်ယှက်သလို
ဖြစ်ခဲ့မိလို့ တောင်းပန်ပါတယ်... ဖူးလည်း
မျက်ကြည်လွှာအစားထိုးတာ အဆင်ပြေတော့မယ်
ဒီကို ပြန်မလာဖြစ်တော့ပါဘူး...အဲ့ဒီမှာပဲ
ကျောင်းဆက်တက်တော့မယ်"

မ ရဲ့ ကြောင်ရိုင်းလေးDonde viven las historias. Descúbrelo ahora