အလုပ်ကိစ္စတွေ ပြီးတာနဲ့ ဆိုင်ကိုခဏပြန်သွားရတယ်
မဆီကို ဖုန်းဆက်ကြည့်လိုက်တော့ ဖုန်းကခေါ်မရ...
အင်း ရေချိုးနေတာများလား...TVကြည့်နေရင်း
အိပ်ပျော်နေပြန်ပြီလား...လွမ်းလိုက်တာ...
ဆိုင်မှာခဏနေပြီး စစ်စရာရှိတဲ့စာရင်းတွေစစ်...ပြီးတာနဲ့
မ အတွက် ဘာဘယ်တီးနဲ့ စတော်ဘယ်ရီ ကိတ်ရယ်
ဘာဂါရယ်ကို ပါဆယ်လေးထုတ်လိုက်တယ်
ဖုန်းထပ်ဆက်မနေတော့ဘဲ အိမ်ကိုသာအမြန်ဆုံးရောက်ဖို့သာ
စိတ်က လောနေမိတယ်...မ ရယ် လွမ်းလိုက်တာ...ခြံထဲကိုကားလေး ဝင်ပြီးတာနဲ့ အရင်လို
မ ရဲ့ အရိပ်ကလေးများ ရှိလေမလားလို့
ရှာကြည့်လိုက်သေးတယ်...အိမ်ထဲဝင်တာနဲ့ ဧည့်ခန်းရှေ့မှာ
မ ရဲ့ပုံရိပ်ကလေး ရှိနေမလားလို့ ရှာဖွေနေမိတယ်
ဘယ်မှာမှမတွေ့ဘူး...မ အခန်းထဲကို ရောက်နေသလား" မ... မ ရေ ငယ်ပြန်လာပြီ
ငယ် နောက်ကျလို့ မ စိတ်ကောက်နေတာလား
ငယ် ဖုန်းကိုလည်း မ မကိုင်ဘူး
ငယ် မ ကြိုက်တဲ့ မုန့်တွေ ယူလာတယ် မရဲ့"မ ကြားအောင်အော်ပြောလိုက်ရင်း အခန်းတံခါးဖွင့်
ကြည့်တော့လည်း မ က ရှိမနေ။ ရေချိုးခန်းထဲမှာလည်းမရှိ။
စာကြည့်ခန်းထဲလည်း ရော ၊ မီးဖိုခန်းရော
ဝရံတာတွေပါမကျန် လိုက်ရှာကြည့်တော့လည်း
မ က ရှိမနေ...စိတ်က အနည်းငယ် ပူလောင်လာပြီ
မ ဘယ်ကိုသွားတာလဲ....အိမ်ကိုသူမသိအောင်ပဲ
ခဏပြန်တာလား....ဖုန်းကိုအထပ်ထပ်အခါခါ
ခေါ်သော်လည်း ကိုင်သူမရှိခဲ့...ရင်တွေပိုပူလာပြီ" မ...မ...အဲ့လိုမလုပ်ပါနဲ့ မရယ်
ငယ့်ကို စိတ်ဆိုးနေသလား...ငယ် ပြန်လာတာ
နောက်ကျလို့များလား...ငယ့် ဖုန်းကိုကိုင်ပါ
ဖုန်းလေးတော့ ကိုင်ပါ မ ရယ်..."ဟုတ်ပြီ ဖူးဖူးဆီကို ဆက်ကြည့်ရမယ်
နေ့လယ်က သူတို့အတူ ဆိုင်ကိုခဏသွားတာပဲ
ခု တခြားနေရာများ လျှောက်လည်နေကြာတာလား
ဖုန်းခေါ်ကြည့်တော့လည်း ခေါ်မရ...
သူ့ရင်တွေ တအားကိုပူလာတော့တယ်
ကြံမရတော့တဲ့အဆုံး ရှိုင်းကိုဖုန်းဆက်ပြီး
အကူအညီ တောင်းလိုက်ရတယ်...သူ့ရဲ့လူတွေက
ခု တခြားအလုပ်တချို့ လုပ်နေကြတာမို့
ရှိုင်းကိုသာ အားကိုးတကြီး ပြောလိုက်ရတာ...
YOU ARE READING
မ ရဲ့ ကြောင်ရိုင်းလေး
Romanceမ နှုတ်ခမ်းက ငယ့်အတွက် နိဗ္ဗာန်ပဲ အဲ့ဒီနှုတ်ခမ်းက မုန်းတယ်လို့ပြောရင် ငရဲရောက်ရပြီး အဲ့ဒီနှုတ်ခမ်းလေးကို နမ်းလိုက်ရရုံနဲ့ ငယ်ကနိဗ္ဗာန်ရောက်တာ မ...သိရဲ့လား.... - မဒီထက်စံ (ငယ်ငယ် ) အဲ့ဒီ အချစ်ဆိုတာကိုလည်း မုန်းခဲ့တယ် ငါ့ကို အတင်းအကြပ်လုပ်တာလည်း မုန်း...