ဒီနေ့က ငယ်နဲ့မရဲ့ စေ့စပ်တဲ့နေ့လေး...
နက်ပြာရောင်ဂါဝန်လေးနဲ့ အရမ်းကို လှနေတဲ့ မ
ငယ့်ကိုယ်ပေါ်မှာလည်း နက်ပြာရောင်စတိုင်ပင်နဲ့
အဖြူရောင်ရှပ်ကလေးကိုမှ နတ်ပြာရောင်ခါးတင်ကုတ်
ကလေးနဲ့ စမတ်ကျလို့... ပုလဲရင်ထိုးလေး ဆင်တူ
စိန်နားကတ်နဲ့စိန်လက်စွပ်လေးဆင်တူ...ပိုသာတာဆိုလို့
မရဲ့ လည်ပင်းထက်က ပုလဲဘယက်လှလှလေး...သွေးနဲ့ရှိုင်းကတော့ ပေါ့ပေါ့ပါးပါး ရှပ်လက်ရှည်အဖြူကို
အညိုရောင် စတိုင်ပင်နဲ့...ယမုံကေတာ့ မန္တလေးပြန်ရောက်
နေတဲ့အတွက် ရောက်မလာခဲ့ရဘူး...ဖုန်းဆက်ပြီးတော့ပဲ
ဂုဏ်ပြုပေးတယ်...လက်ထပ်ပွဲမှပဲ ဆက်ဆက်လာခဲ့မယ်တဲ့ခြံဝန်းကျယ်ထဲမှာ လူလေးယောက် ရယ်..
အစားအသောက်မျိုးစုံအပြင် ဝိုင်၊ ကော့တေးတွေပါ
စုံလင်လို့...ရှိုင်းယူလာပေးတဲ့ လက်ဆောင်ပန်းစည်းကြီးနဲ့
သူတို့နှစ်ယောက်ပုံ ကိတ်လေးတစ်လုံးရယ်
သွေး ယူလာပေးတဲ့ လက်ဆောင်ဗူးလေး နှစ်ခုရယ်
လူနည်းပေမဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဝေဝေဆာဆာ..." ငယ်ငယ် မင်းတို့ခရီးထွက်ဖို့က ဘယ်ကိုစဉ်းစားထားလဲ
မမသီရိက ရော ဘယ်ကိုသွားချင်လဲ ပြည်တွင်းလား
ပြည်ပလား...ဘယ်နေ့လောက်သွားမလဲ ပြောထားအုန်း"ရှိုင်းကမေးတော့ ငယ် မ ကို မေးငေါ့ပြီး ပြုံးကြည့်ရင်း
" မ သဘော... မ ဘယ်ကိုသွားချင်လဲ "
" ငါ ချောင်းသာ ကို သွားချင်တာ အရင်တုန်းက
တစ်ခါလေးပဲ ရောက်ဖူးတာမို့... ပင်လယ်ကြီးဆီကို
နောက်တစ်ခေါက် ထပ်သွားချင်မိလို့"" မင်းတို့ရော အဆင်ပြေလား"
သွေးက ပြုံးပြီး ခေါင်းညိတ်လိုက်ရင်း...
" အိုကေ သွားကြတာပေါ့... ရက်အတိအကျ ကို
ဖုန်းဆက်ပေး ငယ်ငယ်..."..............********.............
အလုပ်တွေ မပြီးပြတ်သေးတာမို့
ချောင်းသာကို နောက်တစ်ပတ်မှ ခရီးထွက်ကြဖို့
သူတို့တိုင်ပင်ထားကြတယ်..." စံ ငါ့ကို အပြင်လိုက်ပို့ပေးမယ်ဆို...
အဝတ်အစားတွေ ဝယ်မယ် လိုအပ်တာတွေအကုန်
ဝယ်ရမယ် နော် "
YOU ARE READING
မ ရဲ့ ကြောင်ရိုင်းလေး
Romanceမ နှုတ်ခမ်းက ငယ့်အတွက် နိဗ္ဗာန်ပဲ အဲ့ဒီနှုတ်ခမ်းက မုန်းတယ်လို့ပြောရင် ငရဲရောက်ရပြီး အဲ့ဒီနှုတ်ခမ်းလေးကို နမ်းလိုက်ရရုံနဲ့ ငယ်ကနိဗ္ဗာန်ရောက်တာ မ...သိရဲ့လား.... - မဒီထက်စံ (ငယ်ငယ် ) အဲ့ဒီ အချစ်ဆိုတာကိုလည်း မုန်းခဲ့တယ် ငါ့ကို အတင်းအကြပ်လုပ်တာလည်း မုန်း...