ဒီရက်တွေ မနက်တိုင်း စံက အလုပ်ကိုသွား...
ညနေလောက်မှ အလုပ်ကပြန်လာတတ်တယ်
ချစ်ဖူးငုံကလည်း သင်တန်းသွားတာဆိုတော့ အိမ်မှာ
တစ်ယောက်တည်းပျင်းစရာကိုဖြစ်လို့...အပြင်သွားချင်တာမို့
ဒီနေ့တော့ စံရဲ့အလုပ်ကို လိုက်သွားဖို့စဥ်းစားထားတယ်ဖုန်းဆက်မလို့ပြင်ပြီးမှ မဆက်လိုက်တော့ဘူး
စပရိုက်တိုက်ရမယ်လေ နေ့လည်စာအချိုပွဲလေးကို
ပြင်ဆင်ရင်း လှစ်ခနဲပြုံးမိတယ်...ရုပ်တရပ်သူ့ကိုတွေ့ရင်
စံ ပျော်သွားမလား...ဒါမှမဟုတ် အံ့သြသွားမလား
တွေးရင်း အသီးလေးတွေကို လှလှပပလေး
ဖြစ်အောင် လှီးလိုက်တယ်...ပြီးကာမှ
ပန်းသစ်တော်နဲ့ နဂါးမောက်သီးလေးကို တစ်ဗူး
စတော်ဘယ်ရီနဲ့ စပျစ်သီး၊လိမ္မော်သီးကို တစ်ဗူး သပ်သပ်စီ
ထုတ်ပိုးပြင်ဆင်ပြီး သဘောကျစွာ ပြုံးရယ်လိုက်တယ်နေ့လည် 12 နာရီလောက်သွားမှာဆိုတော့ ခုရေချိုးရမယ်
ပြီးရင် ဟိုနေ့ကမှဝယ်ထားတဲ့ အနက်ရောင်စကပ်လေးရယ်
အနက်ရောင် တီရှပ်နဲ့အတူ အပေါ်က ဂျင်းကုဒ်လေး
ဝတ်မယ်...ရှူးဖိနပ်လည်း အနက်လေးပဲ... ဟိဟိ
အရမ်းကို ချစ်စရာ ကောင်းသွားမလား
ပြီးတော့ အိတ်အနက်ရောင်ပိစိလေး လွယ်မယ်....
စိတ်ကူးအတိုင်း ရေချိုးပြီး အမြန်ပြင်ဆင်လိုက်တယ်
ခဏအကြာမှာ မှန်ထဲက အရမ်းလှနေတဲ့ ပုံရိပ်ကလေးကို
မြင်တွေ့လိုက်ရတော့တာပဲ...သဘောကျစရာလေး....ဟိုရက်က သူတို့နှစ်ယောက်နောက်ကို တစ်ကောက်ကောက်
လိုက်နေတဲ့ ချစ်ဖူးငုံက ဒီရက်တွေတော့
သိပ်ပြီး မကပ်တော့လို့ တော်သေးတယ် ပြောရမယ်
တစ်ရက်လေး ဒိတ်ပါတယ် သူက အရှုပ်ထုပ်...ဟွန့်ကားငှားပြီးတော့ပဲ စံရဲ့ဆိုင်လေးကို သွားလိုက်တယ်
ဆိုင်ကို နေရာအတိအကျသိထားပေမဲ့ တစ်ခါမှ
မရောက်ဖူးသေးဘူး...ခု မြင်တွေ့လိုက်ရတော့ တော်တော်လေး
လှပပြီး ထိုင်ချင်စရာ ကော်ဖီဆိုင်လေး ဖြစ်နေတာပဲ
အနက်နဲ့ အဖြူရောင် Decoration လုပ်ထားပြီး
အဝါရောင်နဲ့ အနီရောင် ပန်းလေးတွေအလှဆင်ထားတယ်
ပန်းချီကားလေးတချို့ ချိတ်ဆွဲထားတဲ့နံရံနဲ့အတူ
စာအုပ်စင်လေး တစ်ခုကလည်း စနစ်တကျနဲ့ လှလှပပ....
စံ့မှာတခြား လုပ်ငန်းတွေ အများကြီးရှိတာကိုသိပေမဲ့
သူ မစပ်စုဖြစ်...ဒီကော်ဖီဆိုင်လေးကိုတော့ အရမ်းကို
သဘောကျမိသွားရတယ်...Best Friend တဲ့
ကော်ဖီဆိုင်လေးနာမည်က...
YOU ARE READING
မ ရဲ့ ကြောင်ရိုင်းလေး
Romanceမ နှုတ်ခမ်းက ငယ့်အတွက် နိဗ္ဗာန်ပဲ အဲ့ဒီနှုတ်ခမ်းက မုန်းတယ်လို့ပြောရင် ငရဲရောက်ရပြီး အဲ့ဒီနှုတ်ခမ်းလေးကို နမ်းလိုက်ရရုံနဲ့ ငယ်ကနိဗ္ဗာန်ရောက်တာ မ...သိရဲ့လား.... - မဒီထက်စံ (ငယ်ငယ် ) အဲ့ဒီ အချစ်ဆိုတာကိုလည်း မုန်းခဲ့တယ် ငါ့ကို အတင်းအကြပ်လုပ်တာလည်း မုန်း...