part - ( 15 )

1.2K 81 13
                                    


အိပ်နေတဲ့ မ ရဲ့ မျက်ဝန်းလေးတွေ
ပါးမို့မို့လေးတွေကို ဖိကပ်နမ်းလိုက်ပြီး
အိပ်ယာထဖို့ ပြင်လိုက်တယ် မ ကိုတော့ မနှိူးတော့ဘူး
ကိုယ်လက်သန့်စင်ပြီး မနက်စာအတွက်ပြင်ရမယ်
အင်း ဒီနေ့တော့ မ အကြိုက်အုန်းနို့ခေါက်ဆွဲချက်မယ်

မ နိုးတာနဲ့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့အတွက်
အောက်ကိုအမြန်ဆင်းပြီး ပြင်ဆင်ချက်ပြုတ်လိုက်တယ်
အအီပြေ စားဖို့အတွက် အသီးတွေလှီးနေတုန်း
အမှတ်တမဲ့ လက်ကိုဓားချမိသွားရော...
" ကျစ် " အနာကိုရေဆေးပြီး ပလာစတာကပ်
ပြီးပါမှ အသီးတွေကို ပြန်လှီးရတယ်
မ တွေ့ရင်တော့ ပြောအုန်းမှာပဲ....ဂရုမစိုက်ဘူးဆိုပြီး

တွေးနေတုန်းမှာပဲ မျက်စိရှေ့ကိုရောက်လာတဲ့အရိပ်ကလေး
အဝါနုရောင် ဂါဝန်တိုလေးနဲ့ ...ဘယ်တော့မှ
ငေးမဝတဲ့ အလှတရားတွေ... ငယ့်အပိုင်လေး

" စံ....အုန်းနို့ခေါက်ဆွဲချက်တာလား
မွေးနေတာပဲ ငါ ဗိုက်ဆာလာပြီ စားတော့မယ်"

" အင်း မ ငယ် လုပ်ပေးမယ် ခဏလေး "

" မင်းလက်ကို ထိခိုက်မိထားတာလား
ဂရုစိုက်ပါ စံရဲ့ အသီးလှီးတာက ငါလုပ်လိုက်မယ်လေ "

" ရပါတယ် မရဲ့ ငယ်ပြီးတော့မယ်
ပြီးရင်အတူစားကြမယ်နော် ခဏလေးပဲစောင့်"

မနက်စာ အတူစားကြတယ်
ဘယ်တော့မှ မရိုးနိုင်တဲ့ မနက်ခင်းလေး
ကြည်နူးစရာ အခိုက်အတန့် တွေ...

" မ ငယ် ဒီနေ့ အလုပ်ကအပြန်နောက်ကျမယ်နော်
အလုပ်ကိစ္စတစ်ခုရှိလို့ အပြင်ခဏသွားရမှာမို့လေ
အရင်က ရှိုင်းနဲ့သွေး သွားနေကျ... ခု သူတို့မရှိတော့
ငယ် သွားမှဖြစ်မှာ...မ ညနေစာအတွက်ပါ
ငယ် လုပ်ခဲ့ပေးမယ် ပြန်နွေးရုံပဲ သိလား
အပြင်တွေ မသွားနဲ့နော် မ... ပျင်းရင်ဇာတ်ကားကြည့်
ဟိုရက်က ငယ်ဝယ်လာပေးတဲ့ အခွေတွေရှိတယ်မလား"

" အင်းပါ...မင်းသာဂရုစိုက်နော် ငါ့ကိုစိတ်မပူနဲ့
မင်းမသိဘဲ ငါ ဘယ်မှမသွားဘူး စိတ်ချ...
နေ့လယ်စာလည်း နောက်မကျစေနဲ့ "

" စိတ်ချပါ မ ရဲ့ ငယ် ဂရုစိုက်မှာပါ"

ခဏအကြာမှာပဲ စံက သူ့အတွက်အကုန်လုပ်ပေးခဲ့ပြီး
အလုပ်ကိုသွားတယ်... သူလည်း ခြံထဲခဏဆင်းပြီး
ပန်းအိုးထိုးဖို့အတွက် ပြင်ဆင်လိုက်တယ်
နှင်းဆီဝါဝါတွေ ရယ် ပိန်းပန်းအနည်းငယ်ရယ် ပေါ့

မ ရဲ့ ကြောင်ရိုင်းလေးWhere stories live. Discover now