အနားယူရင်း...လျှောက်လည်ရင်း...
ပင်လယ်စာတွေ စားသောက်ရင်း...ဘဝဟာပူပန်မှုတွေမရှိတဲ့
အခိုက်အတန့်လေး ပေါ့...
လွတ်လပ် ပျော်ရွှင်ခြင်းတွေသာ ပြည့်လို့...
တစ်ပတ်တောင် ရှိတော့မှာပဲ...အချိန်ဟာအကုန်မြန်လိုက်တာ
မနက်ဖြန်ဆို သူတို့ ရန်ကုန်ပြန်ရတော့မယ်လေနှုတ်ဆက်ညစာအနေနဲ့ သောက်စရာတွေရယ်
သစ်သီးရေခဲစိမ်တွေအပြင်
ကြက်သားဘူးသီးဟင်း၊ ကျောက်ပုဇွန်ကင် ၊ ကဏန်းမဆလာ
ပြည်ကြီးငါး သုပ်၊ ကင်းမွန်ကင်၊ ပုဇွန်ချဥ်စပ်ချက်နဲ့
ရေဘဝဲအစပ်ချက်ဟင်းတွေကို ချက်ပို့ကနေမှာလိုက်တယ်
သွေးက ဝိုင်းတစ်ပုလင်းထပ်ဝယ်လာတယ်
ရှိုင်းက ငါးကင်နဲ့ ပုဇွန်ကင်တွေ ထပ်မှာတယ်
မ က ဓနိရည်အနည်းငယ် သောက်မယ်ဆိုလို့လည်း
ထပ်ပြီးတော့မှာထားလိုက်ရတယ်
ညအတွက် ရိက္ခာ အပြည့်အစုံပေါ့....ထမင်းအနည်းငယ်သာ စားကြရင်း အမြည်းနဲ့
သောက်စရာတွေသာ ပိုသောက်ကြတယ် ...
ပင်လယ်ရဲ့ သဘာဝရနံ့နဲ့ တိုက်ခတ်နေတဲ့လေဟာ
ဒီနေ့မှာပိုပြီးတော့ စိတ်ပျော်ရွှင်လာသလို ထင်ရလို့....
ရယ်သံတွေက ပိုလှနေတာ....ဟုတ်တယ် အထူးသဖြင့်
မ ရဲ့ ရယ်သံလေးတွေ...ချစ်စဖွယ်အမူအယာလေးတွေ
ရီဝေဝေ အကြည့်နဲ့ မျက်လုံးဝိုင်းလေး တွေ...
တကယ့်ကို အရူးအမူးကျရှုံးဖို့ လုံလောက်တယ်မလား" စံ စတော်ဘယ်ရီသီးနဲ့ ပန်းသစ်တော်သီးက
ကုန်နေပြီ သွားယူပေးအုန်း "" လိမ္မော်သီးရော စားမလား မ ငယ် ယူလာခဲ့မယ်"
" အင်း... ယူခဲ့ "
ရှိုင်းက ဂစ်တာကြိုးညှိရင်း ဂစ်တာတီးဖို့ အသင့်ပြင်နေတယ်
သွေးက ပုဇွန်ကင်စားနေရင်းနဲ့...." ဝိုင် တစ်ပုလင်းထပ်ယူလာခဲ့အုန်း ငယ်ငယ် "
" အိုကေ တစ်ပုလင်း ဆိုရလား "
" ရတယ်...ငါ သိပ်မသောက်ဘူး ခေါင်းကိုက်မှာစိုးလို့
မနက် စောစောထရမှာမလား "" ပုံမှန်ပဲ ထရမှာပါကွာ မင်းကလည်း
မနက်စာ စားပြီးမှ အေးဆေးသွားမှာကို
ဘာမှမဖြစ်ဘူး သောက် ရတယ် "ရှိုင်းက ရယ်ရင်း ပြောတော့ သွေးက
ပြုံးပြီး ခေါင်းယမ်းပြတယ်...
YOU ARE READING
မ ရဲ့ ကြောင်ရိုင်းလေး
Romanceမ နှုတ်ခမ်းက ငယ့်အတွက် နိဗ္ဗာန်ပဲ အဲ့ဒီနှုတ်ခမ်းက မုန်းတယ်လို့ပြောရင် ငရဲရောက်ရပြီး အဲ့ဒီနှုတ်ခမ်းလေးကို နမ်းလိုက်ရရုံနဲ့ ငယ်ကနိဗ္ဗာန်ရောက်တာ မ...သိရဲ့လား.... - မဒီထက်စံ (ငယ်ငယ် ) အဲ့ဒီ အချစ်ဆိုတာကိုလည်း မုန်းခဲ့တယ် ငါ့ကို အတင်းအကြပ်လုပ်တာလည်း မုန်း...