3

245 32 0
                                    

BG : "Taehyunnieပါလား? ဘယ်အချိန်ကတည်းက ‌ပန်းခြံထဲ ရောက်နေတာလဲ?"

TH : "သိပ်မကြာသေးပါဘူး။ အိမ်ကထွက်လာတော့ မိုးအုံ့နေတာနဲ့ ထီးယူလာတာ။ အဲ့တာ Beomieကိုတွေ့တာနဲ့"

BG : " Beomie? "

TH : *smile*

BG : " ကျေးဇူးပဲ မဟုတ်ရင် အအေးမိတော့မှာ၊ Beomက အအေးမိလွယ်တယ်‌လေ၊ ခေါင်း နည်းနည်းလေးရေစိုတာနဲ့ နှာကချေပြီ"

TH : "ရပါတယ်၊ ဒါနဲ့ မနက်တိုင်း ဒီကို လာနေကျပဲလား?"

BG : "အဲ့လိုတော့မဟုတ်ဘူး၊ အိပ်မက်ကြောင့် လန့်နိုးလာပြီး ဆက်အိပ်မရလို့ ထွက်လာတာ"

TH : " အိပ်မက်? ဘယ်လိုအိပ်မက်မျိုးလဲ သိလို့ရမလား?"

BG : "ဒါက ပြောရခက်တယ်၊ မသိချင်ပါနဲ့ :)"

TH : "ဟုတ်ပါပြီဗျာ၊ ဒါနဲ့ ဟိုနားက Coffeeဆိုင်မှာ မိုးခိုကြရအောင်လေ"

BG : "အင်း"

ဆိုင်သို့ရောက်သောအခါ....

TH : "Beomieက ဘယ်လိုCoffeeအမျိုးအစားကြိုက်တတ်လဲ? ကျွန်တော် ဝယ်တိုက်ပါ့မယ်"

BG : "အာ! ရပါတယ် အားနာစရာကြီး"

TH : " ရပါတယ် ပြောကြည့်ပါ"

BG : "ဒါဆို Espresso"

Espressoနှစ်ခွက် မှာယူပြီးနောက်

BG : "ဒါနဲ့ Taehyunnieက အသက်ဘယ်လောက်လဲ?"

TH : "20!"

BG : "Beomထက် တစ်နှစ်ငယ်တာပဲ"

TH : "ဒါဆို hyungပေါ့"

BG : "အင်း"

TH : "hyungလည်း uni studentပဲလား?"

BG : "ဟုတ်တယ်၊ ဒါပေမဲ့ မနှစ်က နိုင်ငံခြားမှာ ခဏသွားနေလို့ တစ်နှစ်အောက်သွားတာ၊ အခုမှ first yearပဲ ရှိသေးတယ်"

TH : "ဒါဆို ကျွန်တော်နဲ့ အတူတူပဲပေါ့၊ hyungက ဘယ်မေဂျာကလဲ? ကျွန်တော်က BBA"

BG : "Computer Science ဂိမ်းတွေ ကိုယ်တိုင်ဆွဲချင်လို့လေ"

TH : "အကြံကောင်းပဲ ကျွန်တော် Business Manဖြစ်ရင် ရင်းနှီးမြှုပ်နှံပေးမယ်လေ"

BG : "တကယ်လား?"

TH : "တကယ်ပေါ့"

ထိုစဉ် လေတစ်ဝှေ့ကြောင့် သစ်ပင်များ ယိမ်းခါသွားပြီး အတန်ကြာတိတ်ဆိတ်သွားပြီးနောက်....

TH : "ဟော မိုးလည်းတိတ်ပြီဆိုတော့ ပြန်ကြရအောင်လေ၊ အလုပ်လည်း သွားရဦးမှာဆိုတော့"

BG : "အင်း! အလုပ်မှာ တွေ့ကြရအောင် ဘိုင့်ဘိုင်"

ထို့နောက် နှစ်ဦးသား ကိုယ်စီ အိမ်ပြန်ခဲ့ကြပြီး ရေမိုးချိုး မနက်စာစားပြီး အလုပ်သို့ထွက်လာခဲ့လေသည်။ အလုပ်သို့ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက် ပြုံးပြနှုတ်ဆက်ပြီး တာဝန်ကျရာနေရာသို့ သွားရောက်ကာ အလုပ်တာဝန်များကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ခဲ့ကြသည်။ နှစ်ဦးစလုံးတွင် အမျိုးအမည်မသိသော ခံစားချက်တစ်ခုပေါက်ဖွားကာ ပျော်ရွှင်တက်ကြွနေလေ၏။

'ဒီမနက်က ရင်းရင်းနှီးနှီး စကားပြောဖြစ်ခဲ့ကြလို့လား?'

ဒီလိုနဲ့ မနက်တိုင်း ပန်းခြံထဲတွင် အားကစားအတူတူလုပ်ကြရင်း အလုပ်မှာပြန်ဆုံကြရင်း အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ တစ်လတိုင်တိုင်ပင် ရှိလာခဲ့လေသည်။

Taehyunနဲ့ ခင်မင်ပြီးနောက်ပိုင်း Beomgyuတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်မမက်တော့ပါ။ အိပ်မက်ထဲက 'မောင်'ဆိုတဲ့ချစ်သူကိုလည်း မေ့ထားလိုက်သည်။ အိပ်မက်ဆိုတာ အိပ်မက်ထဲမှာပဲ ရှိနေတာ ‌အကောင်းဆုံးမဟုတ်လား?

ဒီလိုနဲ့ အရင်ကထက် ပိုမိုရင်းနှီးလာခဲ့တဲ့ သူတို့နှစ်ဦးကြား ရှေ့ဆက်ပြီး ဘယ်လိုကံကြမ္မာတွေနဲ့ ဆုံကြဦးမလဲ တပ်အပ်မပြောနိုင်သေး.....


Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉Where stories live. Discover now