ရွေးကောက်ပွဲနီးနေပြီမို့ Taehyunရဲ့ ဖခင်ဖြစ်သူ အလုပ်ရှုပ်နေသည်။ ဒီတစ်ကြော့လည်း ထောက်ခံထားသည့် ပါတီ အနိုင်ထပ်ရမှဖြစ်မည်။ ဒါပေမဲ့ ပြိုင်ဘက်ပါတီမှာလည်း နောက်ကွယ်တွင် ကြိုးကိုင်ထားသည့်အုပ်စုက Mr.Kangရဲ့ Black Widowဂိုဏ်းနဲ့အပြိုင် အုပ်စုကြီးတစ်ခု။ နာမည်က White Snake(မြွေဖြူ)ဖြစ်လေသည်။
White Snake (မြွေဖြူ)အဖွဲ့သည် Mr.Kangလက်အောက်မှ သစ္စာဖောက်ကာ ခွဲထွက်သွားသော နောက်ပေါ်သည့် အဖွဲ့ဖြစ်သည်။ ဒါပေမဲ့ လျော့တွက်၍မရ။ Black Widowနှင့်အပြိုင် လက်ဆပြင်းသည်။
ရွေးကောက်ပွဲ မတိုင်ခင် တစ်နှစ်လောက်ကတည်းက Mr.Kangတစ်ယောက် အခြေအနေအရပ်ရပ်ကို ကြိုတင်သုံးသပ်ကာ တိတ်တဆိတ်ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ သားဖြစ်သူရဲ့လက်ကို သူ့လို သွေးစွန်းမခံနိုင်ပေ။ မွေးတုန်းကအချိန်ကလွဲရင် နွေးနွေးထွေးထွေး မပွေ့ပိုက်ဖူးခဲ့ပေမယ့် ဇနီးဖြစ်သူမှတစ်ဆင့် Taehyunအကြောင်းကို အမြဲနားစွင့်နေကာ သားအတွက် လိုအပ်သည်များကို အစစအရာရာ ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။
Mr.Kangတစ်ယောက် လုပ်လက်စအလုပ်ကို အပြီးသတ်ကာ Contactတွင် မှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။
Mr.Kang : "Hello Taehyunလား?"
Taehyun : "ဟုတ်ကဲ့ အဖေ"
Mr.Kang : "ဒီညနေ အဖေအိမ်ကို ပြန်လာစရာရှိတယ်၊ စောင့်နေပေး၊ ဒါပဲ"
Taehyunဘက်မှ ဘာမှ ပြန်မပြောရသေးခင် ဖုန်းချသွားလေသည်။
"ဘာများ အရေးတကြီးရှိနေလို့လဲ? ညဘက် Beomgyu hyungနဲ့ အလုပ်အတူတူလုပ်မလို့ကို 🙄 ဆိုင်ကို လှမ်းခွင့်တိုင်ရဦးမယ်"
ဖခင်စကားကိုလည်း မဆန့်ကျင်ရဲ။
အိမ်သို့ အတန်းပြီးတာနဲ့ တန်းပြန်ရမည်ဖြစ်သည်။...........................................
ဆိုင်တွင်
BG : "၆နာရီထိုးနေပြီ၊ Taehyunရောဟင်?"
Manager : "ဒီည အိမ်မှာကိစ္စရှိလို့တဲ့ ခွင့်တိုင်ထားတယ်"
BG : "ဪ ဟုတ်လား?"
Beomgyuကို ဘာမှမပြော။ ကျောင်းမှာလည်း အတန်းပြီးပြီးချင်း Taehyunရှိရာ အဆောင်ဘက်သို့ Soobinနဲ့ အတူတူ လာခဲ့သော်လည်း မတွေ့ခဲ့ရပေ။
YOU ARE READING
Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉
FanfictionKang Taehyunဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းကနေ မွေးဖွားကြီးပြင်းခဲ့ပေမယ့် မိသားစုအခြေအနေက တခြားချမ်းသာတဲ့မိသားစုတွေလို သာမန်မဟုတ်ခဲ့။ သူ့ရဲ့ဖခင်က အစိုးရနဲ့ အမှောင်ဂိုဏ်းသားတွေကြားမှာ ကြားခံအနေနဲ့ ကူးလူးဆက်နွယ်ပြီး မှောင်ခိုစီးပွားရေးလုပ်ကာ ချမ်းသာလာသူတစ...