11

196 28 1
                                    

သူငယ်ချင်းတစ်စု၏ အပျော်စီးသင်္ဘောခရီးစဉ်လည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ခရီးစဉ်တွင် Beomgyuမေ့မြောခဲ့သည့် ဖြစ်စဉ်ကလွဲ ထူးထူးခြားခြား မရှိခဲ့ပေ။
Yeonjunလည်း ရန်သူအဖွဲ့ကို ခြေရာခံမိသော်လည်းကြေးစားအဖွဲ့ဟုသာ သိရှိခဲ့ရပြီး နောက်ကွယ်ကြိုးကိုင်သူ နာမည်တွေ မသိခဲ့ရ။

....................................................

2nd Yearလည်း ပြန်စပြီဖြစ်သဖြင့် တက္ကသိုလ်ကျောင်းတော်ကြီးက ချမ်းအေးလှသော ဆောင်းရာသီအလယ်မှာ ကျောင်းသားမောင်မယ်များနှင့် အရောင်အသွေးစုံလင်ကာ စည်ကားသိုက်မြိုက်နေသည်။

December Fall intakeဖြစ်သည့်အတွက် ရာသီဥတုကလည်း အရိုးထဲအထိတိုင် ခိုက်ခိုက်တုန်အောင် ချမ်းလွန်းလှသည်။ သစ်ပင်တို့တွင် သစ်ရွက်မရှိ။ လမ်းမပေါ်၊ အိမ်ခေါင်မိုးပေါ်တို့တွင်လည်း ဖွေးဖွေးလှုပ်နေသော နှင်းဖြူဖြူတွေက ကြီးစိုးလျက်။

တချို့ကလေးများက သူတို့၏အိမ်ရှေ့တွင် snowmanရုပ်တွေ ဖန်တီးကာ ဆော့ကစားနေကြသည်။ တချို့ကတော့ နှင်းလုံးဖြင့် အချင်းချင်း ပျော်ပျော်ပါးပါး ပစ်ပေါက်တမ်းကစားနေကြသည်။

Beomgyuတစ်ယောက် ‌Beanieအနက်ရောင်၊ မာဖလာဆင်စွယ်ရောင်၊ long coat အနက်ရောင် ထူထူကိုဝတ်ဆင်လျက် လွယ်နေကျကျောပိုးအိတ်အနက်ရောင်ကို လွယ်ကာ ခပ်ကုတ်ကုတ် လမ်းလျှောက်လာသည်။

ထိုစဉ် တစ်စုံတစ်ယောက်က နောက်မှနေ၍ မျက်လုံးနှစ်ဖက်ကို လှမ်းပိတ်လိုက်သည်။ Beomgyuလည်း ထိုလူ၏လက်ကို စမ်းကြည့်ရင်း

BG : "မောင်လား? သိတယ်နော် ဟွန်း"

TH : "ဘယ်လိုသိတာလဲ?"

BG : "နှာခေါင်းထဲ ရေမွှေးနံ့ရကတည်းက သိတာ၊ ပြီးတော့ လက်မောင်း"

TH : "တော်လိုက်တာ ဘယ်သူ့ကောင်လေးလဲမသိ"
"ဒါနဲ့ လက်တွေအေးစက်နေတာပဲ လက်အိတ်ဘာလို့မဝတ်တာလဲ?"

BG : "မေ့ကျန်ခဲ့တာ ㅠㅠ"

TH : "မောင့်လက်အိတ်ဝတ်လိုက်"

BG : "ဟင့်အင်း ထားလိုက် ကုတ်အင်္ကျီထဲပဲ လက်ထည့်ထားလိုက်မယ်"

Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉Where stories live. Discover now