ကျွန်တော့်နာမည် Kang Taehyun
မောင်နှမမရှိတဲ့ တစ်ဦးတည်းသောသား
ကျွန်တော့်အဖေက အမှောင်လောကနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး
ကျွန်တော့်အဖေ လုပ်နေတာတွေကို ကျွန်တော်မကြိုက်ဘူးဗျ
သူကတော့ သူ့အမွေကို ဆက်ခံစေချင်တာ
ကျွန်တော်က သမ္မာအာဇီဝအလုပ်ပဲ လုပ်ချင်တာလေအမေကတော့ မနှစ်ကပဲဆုံးသွားတာ
အဲ့ဒါကြောင့် အဖေက အရင်ကထက် ကျွန်တော့်ကို မကြပ်မတ်တော့ဘဲ လွှတ်ပေးထားတာလေ
ကျွန်တော် စိတ်လွတ်ပြီး ဖြစ်ချင်ရာဖြစ်သွားမှာ စိုးရိမ်လို့ထင်တယ်ဟိုဟိုဒီဒီ လျှောက်သွားနေရင်း လမ်းမပေါ်က လှုပ်ရှားသွားလာနေကြတဲ့ လူအုပ်ကြီးကို ငေးရင်း အတွေးတစ်ခုပေါ်လာခဲ့တယ်
ငါလေလွင့်နေလို့ မဖြစ်တော့ဘူး။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း တစ်ခုခု လုပ်မှဖြစ်မယ်။ အဖေ့အမွေကို မဆက်ခံချင်ဘူး မဟုတ်လား?
ဒါဆို ဘယ်ကစရမလဲ? ငယ်ငယ်ကတည်းက အမေချက်ပြုတ်ပေးတဲ့ အစားအစာ၊ အမေ့ပြုစုယုယမှုတွေ ဂရုစိုက်မှုတွေ အောက်မှာ ကြီးပြင်းလာတာမို့ ကျောင်းစာအပေါ်ပဲ အာရုံစိုက်ထားတာမို့ စာကလွဲရင် ဘာမှမလုပ်တတ်။
ကြွားတာတော့မဟုတ်ဘူး။ ကျွန်တော်က မူလတန်းကနေ အထက်တန်းအထိ နှစ်စဉ်မပြတ် လူရည်ချွန်ရခဲ့တာဗျ။ နိုင်ငံခြားအထိ ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပြီး ကျောင်းအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့ ထူးချွန်ကျောင်းသားတစ်ဦး။
အခုတော့ အထက်တန်းပြီးလို့ တက္ကသိုလ် ပထမနှစ်ပေမယ့် ပညာရေးက အဆုံးမသတ်သေးတော့ ဘာအလုပ်လုပ်ရမှန်းလဲမသိဘူး။ အဖေ့ကုမ္ပဏီမှာ လေ့လာလို့ရပေမယ့် အဲ့ဒီအလုပ်ကို ကျွန်တော်မကြိုက်ဘူးလေ။
အဲ့ဒါနဲ့ ကျောင်းသားတွေအတွက် ခွင့်ပြုထားတဲ့ အချိန်ပိုင်းအလုပ်ကို ရှာခဲ့တယ်။ အဲ့ထဲကမှ စားသောက်ဆိုင်တစ်ခုမှာ Kitchenအပိုင်း ခေါ်နေတာတွေ့တော့ သွားလျှောက်ခဲ့တယ်။ ရလိုရငြား formတင်ခဲ့ပေမယ့် သူတို့ဘက်က interviewခေါ်တော့ ရင်ခုန်သွားတာပဲ။
YOU ARE READING
Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉
FanfictionKang Taehyunဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းကနေ မွေးဖွားကြီးပြင်းခဲ့ပေမယ့် မိသားစုအခြေအနေက တခြားချမ်းသာတဲ့မိသားစုတွေလို သာမန်မဟုတ်ခဲ့။ သူ့ရဲ့ဖခင်က အစိုးရနဲ့ အမှောင်ဂိုဏ်းသားတွေကြားမှာ ကြားခံအနေနဲ့ ကူးလူးဆက်နွယ်ပြီး မှောင်ခိုစီးပွားရေးလုပ်ကာ ချမ်းသာလာသူတစ...