7

214 31 4
                                    

Beomgyuတစ်ယောက် ဖုန်းကို စိုက်ကြည့်နေသော်လည်း Taehyunဆီမှ စာပြန်မလာခဲ့။

"သူအလုပ်ရှုပ်နေတယ်ထင်တယ်"
"မင်းမရှိတော့ လွမ်းလိုက်တာကွာ ဒါတောင် တစ်ညပဲရှိသေးတယ်"

ကိုယ့်ကိုယ်ကိုလည်း Taehyunနှင့်ပတ်သက်ပြီး ဘယ်လို ခံစားချက်ရှိတယ်ဆိုတာ နားမလည်သေးပေ။ Taehyunနှင့် အတူရှိနေလျှင် လောကကြီးတစ်ခုလုံးကို မေ့ပစ်လောက်သည်အထိ ပျော်သည်။ လုံခြုံနွေးထွေးမှုမျိုးရသည်။ နှစ်ဦးသား နီးကပ်နေလျှင် Taehyunအပေါ် ပိုမိုမှီတွယ်ချင်မိသည်။ သူ့ကိုယ်သင်းရနံ့လေးတွေကိုလည်း စွဲလန်းရင်ခုန်မိနေသည်။ သေချာသည်က ဒီလိုခံစားချက်မျိုးက Beomgyu ဘဝမှာ ပထမဆုံးပဲ။

"ဘာပဲဖြစ်ဖြစ် မနက်ဖြန် ကျောင်းမှာတွေ့မှာပဲ၊ အဲ့ဒီတော့မှ အကျိုးအကြောင်းမေးကြည့်မယ်"

အိမ်ကို ခပ်သွက်သွက်လမ်းလျှောက်ကာ ကိုယ်လက်သန့်စင်ပြီး အခန်းထဲသို့တန်းဝင်ကာ အနားယူလိုက်သည်။

BG's mom : "သားလေး ထမင်းမစားတော့ဘူးလား?"

BG : "မစားတော့ဘူး မေမေ"

BG's mom : "အဲ့ဒါဆိုလည်း နားတော့၊ မနက်ကျ‌ရင်တော့ စားပြီးမှသွားနော်"

BG : "ဟုတ် မေမေ"

မအိပ်ခင် message တစ်ချက်စစ်လိုက်သေးသည်။ သို့သော် မျှော်နေသည့်သူထံမှ စာပြန်မလာခဲ့.... ။

ထိုနေ့ညက မမက်တာကြာပြီဖြစ်တဲ့ 'မောင်'ဆိုသည့် ချစ်သူကို အိပ်မက်ထဲ ပြန်ပေါ်လာခဲ့သည်။

အိပ်မက်ထဲတွင် မောင်က သစ်ပင်ကြီးအောက်မှာ ထိုင်နေသည်။ Beomgyu သူ့အနားသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ချဉ်းကပ်လိုက်သည်။

"မောင်"

မောင်ဆိုသည့်လူ လှည့်ကြည့်‌လေသည်။

"ဟင်? Ta...Taehyun?"

မောင်ဆိုသည့် Taehyunနှင့်တူသည့် လူသားမှ လှမ်းပြုံးပြသည်။

ကိုယ့်ကိုယ်ကို မသိလိုက်ခင်မှာပင် မောင့်အနားရောက်သွားကာ တင်းကြပ်စွာဖက်ထားလိုက်သည်။
နှုတ်မှလည်း
"မောင့်ကို အရမ်းချစ်တာပဲ"
"ဒီတစ်ခါတော့ လက်လွှတ်မခံနိုင်တော့ဘူး"
"Beomကို ထားမသွားပါနဲ့တော့နော်"

Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉Where stories live. Discover now