မောင်...
မောင် ဘယ်သွားမလို့လဲဟင်?
မောင် ခေါ်နေတာ မကြားဘူးလား?
မောင် ဘယ်သွားမလို့လဲလို့
မေးနေတယ်လေ
ဟာ!!! ပြောရင်း ဆိုရင်း အဝေးကို ထွက်သွားပြီ
လိုက်မမှီတော့ဘူး
မောင် သိပ်ရက်စက်တယ်
ပြောတော့ အမြဲတမ်းအတူတူ ရှိသွားမယ်ဆို?အာခေါင်ခြစ်မတတ် အော်ပြောပါသော်လည်း ချစ်ရသူက မကြားခဲ့။ တကယ်ကြီး ဝေးရတော့မယ်ဆိုတဲ့ အသိနဲ့ ရင်ထဲမှာ ဗလောင်ဆူနေခဲ့သည်။
.............................................
Beomgyuတစ်ယောက် ယောင်ရင်း ရုတ်တရက် အိပ်မက်ကနေ လန့်နိုးလာခဲ့သည်။
မျက်ရည်စတွေလည်း ရွှဲလို့။"ဪ ငါ အိပ်မက် မက်နေတာပဲ၊ အိပ်မက်ကလည်း ဆိုးရွားလိုက်တာ ကျစ်"
သက်ပြင်းတစ်ချက် မှုတ်ထုတ်လျက် ရေချိုးခန်းထဲသို့ ဝင်ကာ မျက်နှာသစ်ချလိုက်သည်။
တကယ်တမ်း အိပ်မက်ထဲကလူက ဘယ်သူမှန်းမသိ။ ပုံရိပ်တစ်ခုလို ယောင်ဝါးဝါးမြင်ကွင်းတစ်ခု။ ဒါပေမဲ့ အိပ်မက်ထဲမှာ Beom သူ့ကို အရမ်းချစ်နေတာတဲ့။ ပြီးတော့ "မောင်"ဆိုတဲ့ နာမ်စားလေး။ Beomမှာ လက်ရှိ ရည်းစားမရှိပါ။ အရင်က ခဏတာ အပျော်ရည်းစားတွေ ထားခဲ့ဖူးပေမယ့် တစ်ယောက်မှ ကြာကြာမတွဲခဲ့သလို ချစ်လည်း မချစ်ခဲ့ပေ။ ဒီလို တစ်စုံတစ်ယောက်ကို "မောင်"လို့ခေါ်ဖို့ ဝေလာဝေးပေါ့။
"ဘာလို့များ ဒီလိုအိပ်မက်မက်တာပါလိမ့်? ဖူးစာရှင်များလား? ဖူးစာရှင်ဆိုရင် ငါ့ဆီလာတောင်မလာရသေးဘူး ဘာလို့ ထွက်သွားရတာလဲ? ဝမ်းနည်းစရာ ကောင်းလိုက်တာ"
အိပ်မက်ထဲက Beomရဲ့ ချစ်သူကို မျက်နှာသေချာမမှတ်မိပေမယ့် တောက်ပရွှန်းလဲ့တဲ့ မျက်လုံးဝိုင်းဝိုင်း တစ်စုံရှိတာကိုတော့ မှတ်မိတယ်။
"အပြင်မှာ အဲ့ဒီလူ တကယ်များရှိမလား? အိပ်မက်ဆိုတော့ ရှိမှာမဟုတ်ပါဘူးလေ။ အရမ်းမတွေးတာကောင်းတယ် ဟူး!!!!"
အိပ်မက်တစ်ခုပေမယ့် ရင်ထဲလေးပင်ပြီး လွမ်းဆွတ်သလိုလို ဟာတာတာနဲ့ ဆက်အိပ်မရတော့။ မနက် (၅)နာရီလည်း ရှိပြီမို့ part timeအလုပ် မသွားခင် အားကစားလုပ်ဖို့ ပြင်ဆင်လိုက်သည်။
YOU ARE READING
Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉
FanfictieKang Taehyunဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းကနေ မွေးဖွားကြီးပြင်းခဲ့ပေမယ့် မိသားစုအခြေအနေက တခြားချမ်းသာတဲ့မိသားစုတွေလို သာမန်မဟုတ်ခဲ့။ သူ့ရဲ့ဖခင်က အစိုးရနဲ့ အမှောင်ဂိုဏ်းသားတွေကြားမှာ ကြားခံအနေနဲ့ ကူးလူးဆက်နွယ်ပြီး မှောင်ခိုစီးပွားရေးလုပ်ကာ ချမ်းသာလာသူတစ...