10

199 29 0
                                    

တာဝန်ရှိသူများမှ စီစဉ်ပေးသည့် ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေသည့်အချိန်ဖြစ်သဖြင့် ပြဇာတ်တွင် မျောပါသွားကြကာ Beomgyuရောက်မလာသေးတာကို သတိမထားမိခဲ့ကြပေ။

မိနစ်(၂၀)ခန့်ကြာသောအခါ
HK : "Beomgyu hyungသွားတာ ကြာနေပြီနော်"

SB : "အင်း ဟုတ်တယ်၊ အိမ်သာထဲမှာ မူးပြီးလဲသွားလားမသိဘူး"

TH : "ကျွန်တော်လိုက်သွားကြည့်ဦးမယ်"

Toiletနှင့် Partyနေရာသည် ထောင့်ချိုးကွေ့လေးပဲဖြစ်ကာ သိပ်အဝေးကြီးမဟုတ်သည့်အတွက် Taehyunဘက်က စိတ်ချသဖြင့် လိုက်မပို့ပေးခြင်းဖြစ်သည်။ သို့သော်လည်း.....

................................................

Yeonjun's POV

ခပ်လှမ်းလှမ်းတွင် Yeonjunတစ်ယောက် ရွှေရောင်မီးခြစ်ကို ပိတ်လိုက်ဖွင့်လိုက် ဆော့နေရင်း Beomgyu အိမ်သာဘက်အခြမ်းကို သွားတာ လှမ်းမြင်လိုက်သည်။

ငါးမိနစ်ခန့်အကြာတွင် စိတ်ချရအောင် Beomgyu နောက်သို့ လိုက်သွားခဲ့သည်။
သူထင်သည့်အတိုင်းပင်....
အနက်ရောင်ခေါင်းစွပ် စွပ်ထားသော လူတစ်ဦး မေ့လဲနေသော Beomgyuကို ထမ်းကာ လူပြတ်သော ဘက်အခြမ်းသို့ သယ်သွားလေသည်။ ယခုအချိန်သည် ခရီးသည်အားလုံး Partyတွင်စုနေကြသဖြင့် ကျန်သည့်နေရာတွင် လူမရှိသလောက်ပါးသည်။ ရန်သူ၏ ပုန်းခိုရာနေရာကို သိချင်သော်လည်း Beomgyuကို ကယ်ရမှာ ပထမဦးစားပေးဖြစ်သောကြောင့် Yeonjunလည်း ထိုလူနောက်မှ တိတ်တဆိတ် ခြေဖော့ကာ ချဉ်းကပ်လိုက်သည်။ အနားသို့ရောက်သောအခါ ထိုလူ၏မေ့ကြောနေရာကို ခပ်ပြင်းပြင်းတစ်ချက် ဖြတ်ရိုက်လိုက်ပြီး ပြုတ်ကျလာသော Beomgyuကို ပွေ့ချီလိုက်သည်။ ဂိုဏ်းအမှတ်အသားရှိမရှိ စစ်ဆေးကာ ထိုလူသွားသည့်လမ်းကြောင်းကို မှတ်ထားလိုက်ပြီး နောက်နေ့ သေသေချာချာစုံစမ်းရမည်ဖြစ်သည်။ မေ့မြောနေသော Beomgyuကိုလည်း Taehyunအခန်းသို့ ပို့ဆောင်ကာ ကုတင်ပေါ်တွင် သေသေချာချာ တင်ပေးထားခဲ့သည်။

ထို့နောက် Partyဘက်သို့ ပြန်လျှောက်လာရင်း Taehyunကို အသိပေးရဦးမည်ဖြစ်သည်။
ထိုအချိန် Party Hallထဲမှ ထွက်လာသော Taehyunအား အဆင်သင့်တွေ့သဖြင့်

Never Say Goodbye 〈𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅〉Where stories live. Discover now