မိုးစက်တွေ ခေါင်မိုးပေါ် တဖျောက်ဖျောက်ကျနေသံကြား ကျွန်တော် အိပ်ေမာကျ နေတာကနေ ရုတ်တရက် လန့်နိုးလာတယ်။အပြင်မှာ ချမ်းစိမ့်စိမ့်ဓာတ်ကို ခံစားရပေမဲ့ အိပ်မက်ထဲ အမောတကောနဲ့ ခြေကုန်လက်ပန်းကျသည့်အထိ ပြေးလွှားလုိက်ရတာမုိ့ထင် အပြင်ကကျွန်တော့်နဖူးမှာ ချွေးစတွေစို့ေနသည်။ မောဟိုက်နေတဲ့ကျွန်တော့်ရင်ဘတ်အပေါ် လက်အသာတင်လိုက်ပြီး လေကို ဝလင်အောင် အရင်ဆုံးရူရှိုက်ကာ ခေတ္တအကြာ ငြိမ်သက်ေနမိတယ်။ မိုးစက်လေတစ်ချက် ကျွန်တော့်နှာခေါင်းဝ လာထိခတ်ေတာ့ ကျွန်တော် ဘာရယ်မဟုတ် တချက်ပြုံးမိသွားပြန်တယ်။ အိပ်ရေးပျက်ညတွေနဲ့အတူ မိုးရေစက်တွေကတော့ ကျွန်တော်ကို ထပ်ပြီး လှောင်ရီနေမှာအသေချာပါပဲ။ အိပ်ယာဘေး စားပွဲအပေါ်မှာ ထားထားတဲ့ အိပ်ဆေးတွေအပါအဝင်ပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်တော်က ဒီလိုမိုးစက်လေတွေ တိုက်ပြီး မိုးစက်မိုးပေါက်တွေ ကျွန်တော့်အိပ်ယာဘေးက ပြတင်းမှန်မှာ လာရိုက်ခတ်သံေတွနဲ့အတူ နိုးထရတာကို သိပ်သဘောကျတယ်။ အိပ်ယာဘေးက dim lightေလး ဖွင့်ကာ ပြတင်းပေါက်ဆီ အကြည့်ပုိ့မိတော့ အလင်းရောင်ဟူ၍ လျှပ်စီးလျှပ်နွယ်များထံမှလွဲ မရှိသေး။အိပ်မက်ကလန့်နိုးတဲ့အရှိန်ပြယ်စပြုပြီမို့ ကျွန်တော့်အိပ်ယာဘေးမှာထားထားတဲ့ ဖုန်းscreenကို လက်နဲ့အသာတုိ့ကာ ဘယ်အချိန်ရှိပြီလဲ ကြည့်လိုက်တယ်။ မနက်၂:၀၅မိနစ်။အိပ်ယာမှထဖို့ အတော်လေးစောေနေသးတဲ့အချိန်။ ဒါပေမဲ့ ဒီအချိန်က ကျွန်တော့်အတွက် အထူးအဆန်းတော့ဖြစ်မနေ။ ပုံမှန်နိုးနေကျ အချိန်တွေထဲက တစ်ခုဖြစ်တာမုိ့။အိပ်ဆေးတွေ ဘယ်လောက်ကူကူ sleeping hypnosisတွေ ဘယ်လိုပဲနားထောင်နားထောင် နိုးစက်မလိုတဲ့ ကျွန်တော်ရဲ့နိုးထခြင်းတွေက သိပ်အချိန်မှန်သည်။ မိုးကတော့ စောနကထက် သည်းလာပြီး ပြတင်းမှန်ကုိ ပိုရိုက်ခတ်လာေလသည်။ အာခေါင်ခြောက်သလုိလုိ ရှိတာမို့ အိပ်ယာမှထကာ အိပ်ယာဘေးစားပွဲပေါ်ရှိ ရေဘူးကိုလှမ်းယူပြီး တဂျိုက်မော့လိုက်သည်။ပြန်မအိပ်ချင်တော့တာကြောင့် စားပွဲပေါ် ရေဘူး ပြန်ထားလိုက်ပြီး စီးကရက်တစ်လိပ်နဲ့မီးခြစ် ယူကာ အခန်းဘေးရှိ ဝရန်တာဘက် ထွက်လာလုိက်တယ်။ ပါးစပ်နားတေ့ထားတဲ့ စီးကရက်ကို မီးညှိကာ တချက်ရှိုက်ဖွာထုတ်လုိက်မှပဲ ကျွန်တော် အသက်ရှုချောင်သလိုလိုရှိသွားတယ်။ အမှောင်ထုကြားဆုိေပသိ ကောင်းကင်တစ်လျှောက် လျှပ်နွယ်တွေအပြည့်ဝင်းနေတာမို့ အပြင်မှာ သူ့ထက်ငါအပြိုင်အဆိုင် ကျနေတဲ့ မိုးစက်တွေကို ခဏအကြာ အသာငေးကြည့်နေမိတယ်။သေချာသည် ဒီညလည်း ခါတိုင်းညတွေလို ကျွန်တော် ဆက်အိပ်၍ရတော့မည်မဟုတ်ဆုိတာ ဖြူလွှလွှ၊ပိန်ပါးပါးမျက်နှာမှာ ချုိင့်ဝင်နေတဲ့ကျွန်တော့်မျက်ကွင်းညုိညုိတွေက သက်သေပြုလို့နေသည်။အကြောင်းကား ကျွန်တော့်အတွက် နေ့နဲ့ညဆိုတာမရှိသလုိ အိပ်ချိန်စားချိန်ဆိုတာလည်း သတ်မှတ်ကန့်သတ်ထားခြင်းကား မရှိ။ ကျွန်တော် အိပ်ချင်တဲ့အချိန်က ညတာဖြစ်သလို အိပ်မရဘဲ နိုးနေတဲ့အချိန်တိုင်းက ကျွန်တော့်အတွက် နေ့တာဟူ၍ သတ်မှတ်ထားခြင်းကြောင့်သာ ဖြစ်သည်။ ပြောရရင် ဘဝကို ဖြစ်သလိုသတ်မှတ်ထားသူတစ်ယောက်လို့ ဆိုစမှတ်ပြုရမယ်ဆုိလည်း မမှား။ စိတ်ကူးအိပ်မက်တွေ သေစရင်းသွင်းထားပြီး ရည်ရွယ်ချက်ပန်းတိုင်လမ်းဆုံးနေသူအဖြစ် ရှင်သန်ခြင်းရဲ့အခြားတဖက်ကို အမြဲခရီးထွက်ချင်နေသူတစ်ေယာက်လေ။ ကျွန်တော်က အလင်းတွေထက် အမှောင်တွေကို ပိုခရေဇီဖြစ်တယ်။ ဆူညံခြင်းတွေထက် ဆိတ်ငြိမ်ခြင်းတွေကို အမြဲလိုက်လံရှာဖွေနေသူ။ အပေါင်းအသင်းတွေထက် အထီးကျန်ဆန်မှုတွေနဲ့ အမြဲမိတ်ဖွဲ့နေသူ။ အကောင်းမြင်တတ်ခြင်းတရားတွေကို အဆိုးမြင်ဝါဒီနဲ့သာ ရှူမြင်တတ်သူ။ ဒီလိုလူတစ်ယောက်အတွက် အထီးကျန်ခြင်းကို အဖော်ပြု၊ သေခြင်းတရားကို လက်ယက်ခေါ်ကာ အပူအပင်တွေ သယ်ပိုးပြီး မလွှတ်ချနိုင်သေးသရွေ့တော့ ကျွန်တော် သေခြင်းတရားရဲ့အခြားတဖက်က ရှင်သန်ခြင်းဘက်မှာ ဘယ်လောက်ကြာကြာ ရပ်တည်နေနိုင်မလဲ?ဒါတော့ သိချင်မိသား။ ဒီလိုပြောတော့ ကျွန်တော့်နေရာမှာ ခင်ဗျားတို့သာဆုိ ငါတို့လည်း မင်းနဲ့မခြား
အခက်အခဲကုိယ်စီနဲ့ပဲမို့ ဘဝကိုပြန်အရွဲ့တိုက်ပြီး မဖြစ်ဖြစ်အောင်ရှင်သန်မယ်လို့ အကြောင်းပြချက်ကိုယ်စီ recommendအမျိုးမျုိးပေးကြဦးမယ်ထင်ပါရဲ့။ အဲ... ခက်တာကလည်း ကျွန်တော်က ခင်ဗျားတို့မဟုတ်တဲ့ လူပျော့လူညံ့အရှုံးသမားတစ်ေယာက်ကိုးဗျ။ ဒါကြောင့်လည်း ဒီလိုပျော့ညံ့တဲ့ကျွန်တော့်ကိုကျွန်တော် အမုန်းတရားတွေနဲ့ အဆုံးသတ်ကာ အမြဲလိုလိုပြေးလွှားနေရတဲ့ကျွန်တော့်စိတ်ခြေထောက်တွေကိုလည်း အပြီးတိုင်အနားပေးလိုက်ချင်ပြီေလ။ ဟော ေတွးရင်းနဲ့ မိုးေတာင်စဲလို့ အရုဏ်တက်ရဲ့အလင်းစလေးတွေတောင် မိုးေရစက်ေတွကြား ဟိုတစဒီတစ ပြူထွက်စပြုလာပြီ။ ကျွန်တော့်နှုတ်ခမ်းနားတေ့ကာ ဖွာနေတဲ့စီးကရက်မှာလည်း အမြီးတိုကာ ငြိမ်းစပြုနေလေပြီ။ ဒီလိုနဲ့ နောက်ထပ်တစ်ရက်ကို အကြောင်းပြချက်မရှိ ရှေ့ဆက်ကာ ရှင်သန်ခြင်းရဲ့အခြားတဖက်ဆီ ခရီးထွက်ဖုိ့ ရှင်သန်ရပြန်ဦးမယ်။
YOU ARE READING
သေခြင်းရဲ့အခြားတဖက်( About Myself)
Non-Fictionသေခြင်းတရားရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ သိချင်လိုက်တာ ကျွန်တော် ရှင်သန်ရခြင်းမှာ နေမပျော်တော့ဘူးလေ