Spring Days

0 0 0
                                    

ရွက်ဟောင်းတွေ ကြွေချိန် ရွက်သစ်တွေ ထပ်လောင်းဖို့ ကျွန်တော် မမျှော်လင့်ချင်ဘူး။ မျှော်လင့်ခြင်းရဲ့ တဖက်က စိတ်ပျက်အားငယ်ခြင်းတွေဟာ သိပ်အကျည်းတန်သည်မို့ ရွက်ဟောင်းတွေပဲ ထိုင်ငေးကြည့်ချင်မိတယ်။ လေရူးရဲ့ခေါ်ဆောင်ရာနောက် ဟိုပြေးဒီပြေးနေတဲ့ တိမ်ဆိုင်‌ေတွကုိ ကျွန်တော့်ပျော်ရွှင်မှုတွေအဖြစ် ကိုယ်စားပြုဖြစ်ခဲ့ရင် နွေဦးရဲ့လေနှင်ရာ တစစီ လွင့်ရင်း ပျောက်ပြယ်သွားဦးမဲ့ အခိုးအငွေ့သာသာရယ်ပေါ့။  နွေဦးဟာ သိပ်ကိုလှတယ်။ အလွမ်းအဆွေးရသလေး ထပ်ဖြည့်ထားလို့ထင်ပါရဲ့။ ထပ်ကာထပ်ကာ ရူးပစ်ချင်ရလောက်အောင်ပါပဲ။ အကြိမ်ကြိမ်ယစ်မူးစေပေမဲ့ မထိတွေ့ရမနေနိုင်တဲ့ အပြင်းစားဝီစကီလေးတစ်ခွက်ကို မြည်းစမ်းနေရသလိုမျုိးပဲ။ မကောင်းတဲ့ အငွေ့အသက်မှန်းသိ၍ မမြည်းစမ်းသင့်တာသိလည်း သူ့အောက်မှာ အတုံးအရုံး ပြိုလဲရင်း ခစားချင်မိတာ။ နွေဉီးဟာ ကျွန်တော့်အတွက်တော့ အဲ့လိုဖြစ်တည်မှု‌ေလးပါပဲ။

သေခြင်းရဲ့အခြားတဖက်( About Myself)Where stories live. Discover now