လရောင်အောက် ကြဲပြန့်နေတဲ့ စီးကရက်တိုတွေ။ လပြည့်မှာလား? လပြည့်ပြီး ကျော်လို့ လဆန်းပြီလားလည်း ကျွန်တော်မသိတော့? မသိချင်၍ ရက်တွေကို တမင်မေ့ထားခဲ့တာဆို စုတ်ဖြဲခဲ့တဲ့ပြက္ခဒိန်ေတွက အလုံးစုံ ထောက်ခံေပးပါလိမ့်မည်။ သေချာတာတစ်ခုက ခုလက်ရှိ တခြမ်းပြည့်နေတဲ့ လမင်းကြီးက သန်းခေါင်ယံမှာ အလင်းရောင်တွေဖြာဝင်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ခြင်းအပြည့် ဖုံးလွှမ်းနေခဲ့တယ်ဆိုတာပဲ။ သဘာဝတရားကြီးက လှသလောက် ကမ္ဘာကြီးကတော့ မသမာလူတစ်စုကြောင့် အကျည်းတန်မြဲ အကျည်းတန်နေရတယ်ဆုိတာ ေတွးမိပြန်ေတာ့ ကျွန်တော် ကျွတ်တစ်ချက် သပ်မိတယ်။ လူချိန်တိတ်မို့ထင် နာရီလက်တံတဂျောက်ဂျောက်မြည်သံကလွဲ အရာအားလုံးက ဆိတ်ငြိမ်ခြင်းအတိ ။ ကျွန်တော်ကတော့ အတွေးေပါင်းေသာင်းေခြာက်ေထာင်နဲ့ ကြမ်းပြင်မှာ ပြန့်ကြဲနေတဲ့စီးကရက်တုိေတွကုိတောင် ဂရုမပြုမိ။ ခုထက်ထိ ခံတွင်းချဉ်ေကာင်းနေဆဲပဲ။ အနားမှာယူထားခဲ့တဲ့ ဝီစကီတစ်လုံးလည်း ထက်ပိုင်းကျိုးနေခဲ့ပြီ။ ဒါလည်း ကျွန်တော့်မှာ အသိစိတ်ကပ်လုိ့ေကာင်းတုန်း။ဘေးမှာ ဖွင့်ထားတဲ့ရေဒီယိုဟောင်းလေးဆီကလည်း တဂျီဂျီမြည်သံနဲ့အတူ တစ်နေ့တာကို နှုတ်ဆက်သွားလေပြီ။ လေလွင့်ရင်း နေ့ရက်တွေအမြန်ကုန်ဆုံးဖို့ ဆုတောင်းနေတဲ့ ကျွန်တော်ကတော့ ခုထက်ထိ မျက်လုံးမမှိတ်နိုင်သေးဘူးပေါ့။ ရာသီတွေသာ အလီလီပြောင်းလာတယ် ခုထက်ထိ မထုံတတ်တေး ပေတေနေတဲ့ ကြမ္မာဆိုးကြီးကတော့ လက်ရှိ ကျွန်တော်တို့အပေါ် ရိုက်ခတ်လို့ကောင်းေနတုန်းပဲထင်ပါရဲ့။ ဘဝဇာတ်ခုံပေါ်မှာ ကျရာ ကံကြမ္မာဇာတ်ရုပ်ကို ပီပြင်အောင် ကပြရမှာ ဓမ္မတာဆိုပေမဲ့ ဇာတ်နာလွန်းတဲ့ ဇာတ်လမ်းမှာတော့ ဘယ်အချိန်ထိ ကျွန်တော်တို့ ကပြဖျော်ဖြေနေရဦးမလဲလေ? တကယ်ပါ ဒီဇာတ်ရုပ်နေရာကနေ အပြီးတိုင် နှုတ်ထွက်အနားယူချင်မိရဲ့။ ဒါကို မည်သူ နားလည်နိုင်ပါစလေ!
YOU ARE READING
သေခြင်းရဲ့အခြားတဖက်( About Myself)
Phi Hư Cấuသေခြင်းတရားရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ သိချင်လိုက်တာ ကျွန်တော် ရှင်သန်ရခြင်းမှာ နေမပျော်တော့ဘူးလေ