ဒီနေ့မှ မင်းကို ပိုလွမ်းမိပြန်တယ်

2 0 0
                                    

နှုတ်ဆက်ခြင်းမရသော ရုတ်တရက်ခွဲခွာခြင်းအကြောင်းတရားဖန်လာခဲ့တော့ ကျွန်တော် ခင်ဗျားလေးကို တခွန်းတပါဒမျှ ပြောခွင့်မရပါဘဲ ထွက်ခွာလာခဲ့ရတယ်။ မထင်မှတ်ထားခဲ့ဘူး ဒီလိုမျိုးအချိန်အခါတွေ ကြုံဆုံလာခဲ့မယ်လို့လေ။ ကျွန်တော် ခင်ဗျားလေးအနားက ထွက်သွားဖြစ်ခဲ့မယ်ဆိုရင်တောင် နှုတ်ဆက်စကားဆိုဖို့ တနည်းနည်းတော့ ရခဲ့ဦးမည် ရလိမ့်ဦးမည်ထင်ခဲ့တာ။ ခင်ဗျားလေးအပါအဝင် ကျွန်တော်ချစ်ခင်ရတဲ့လူတချုိ့ဆီကနေ ရုတ်တရက်ဆန်တဲ့ ထွက်ခွာခြင်းမျိုးကို ကြိုတင်မတွေးထားခဲ့လို့များလား? ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် ဒီလိုခွဲခွာခြင်းအကြောင်းတရားတွေ မဆုံတွေ့နိုင်ဘူးလို့များ တရားသေ သတ်မှတ်‌ခဲ့လေသလား မသဲကွဲဘူး? ဒီခွဲခွာခြင်းကို ခဏတာလို့ မှတ်ယူထားပေမဲ့ ထာဝရများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေးတစ်ခုက ညစဉ်ညတိုင်း ကျွန်တော့်ကို အိပ်မရစေဘူး။ ခင်ဗျားလေးကို နှုတ်ဆက်စကားလေးတွေ ပြောခွင့်မရခဲ့လုိ့ရယ်ဆိုပြီး တစ်သက်တာ ယူကြုံးမရဖြစ်နေမိမှာပဲ။ ‌ကျွန်‌ေတာ့်အတွက် တွေ့ဆုံခြင်းရယ်လုိ့ တစ်ခုတည်းအဖြစ် အမည်နာမတပ်လို့ရတဲ့ တစ်နေရာကနေ ခင်ဗျားလေးရဲ့ အပြုံးအရယ်တွေ မြင်ရင်ကုိ အလိုလိုပြုံးရယ်မိတဲ့ ကျွန်တော့်ကမ္ဘာကလေ ခုများကျတော့ ဆိတ်ငြိမ်ခြင်းအတိရယ်။တိုးတိုးရွရွ သီချင်းသံတွေ ကြား‌ေလတိုင်း ခင်ဗျားလေးရယ်သံတွေ လွမ်းတယ်။ ညဘက်အချိန်အခါ မှက်ခြင်ပေါတဲ့ တောအလယ် ကျောချလုိ့ တလက်လက်လင်းနေတဲ့ ကြယ်လေးတွေ မြင်‌တိုင်း ခင်ဗျား‌ေလးမျက်ဝန်းထဲက ကြယ်သေးသေးလေးတွေကို သတိရတယ်။ အားပါးတရ ရယ်လိုက်ရင် မှိတ်ကျသွားတဲ့ ဆန်းသစ်စလခြမ်း‌ေလးနဲ့ ဆင်တူတဲ့ ခင်ဗျား‌ေလး မျက်ဝန်း‌ေတွကုိ ပိုလွမ်းဖြစ်တယ်ဆုိ ယုံမလား။ ပါးဖောင်းဖောင်းနဲ့ ကလေးလေးတွေ တွေ့လေတိုင်းလည်း ကျွန်တော်မြတ်နိုးရတဲ့ ခင်ဗျား‌ေလးပါး‌ေတွအမှတ်နဲ့ အဲ့ကလေးလေးတွေပါးတွေကို ပိုဖိညှစ်မိပြန်တယ်။ ဒီလိုတွေ ကျွန်တော်ရူးနှမ်းတာကို သိရင်များ ခင်ဗျားလေး
တစ်‌ေယာက် ကျွန်တော့်ကို ပိုလိုက်တာလို့ရယ် ငြူစူမလားနော်? ရေမြေခြားတဲ့ တွေ့ဆုံခြင်းတွေမို့ ပြေးတွေ့ချင်မိတိုင်း အကြိမ်ကြိမ် လမ်းပျောက်ရတဲ့ ကျွန်တော်က ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်ကမ္ဘာ အသေအချာမှောက်တာ။ နောင်ဘဝတွေမှာ တွေ့ဆုံခွင့်ရဖို့ထက် ဒီဘဝမှာပဲ ခင်ဗျား‌ေလးအနား ကျွန်တော်ရှိနေချင်သေးတာမို့‌ေလ။ မတွေ့ရတဲ့ရက်တွေမှာ ခင်ဗျားလေးအတွက် ကြိုးစားနေထိုင်ဖြစ်တယ် သတိရတဲ့ရက်တွေကို ‌ရေတွက်ကျော်ဖြတ်ရင်းပေါ့။ ဒီအချိန်
‌ေတွဆုိ ခင်ဗျား‌ေလးဘာတွေလုပ်နေမလဲတွေးရင်း ကျွန်တော့်ကုိကျွန်‌ေတာ် လေမလွင့်ဖို့ သတိပေးဖြစ်တယ်။ ငရဲနဲ့မခြား နေရာတစ်ခုမှာ ရှင်သန်ရခြင်းဟာလည်း လွယ်ကူတဲ့ရင်ဆိုင်ရခြင်းမျိုးတော့မဟုတ်ပြန်ဘူး ခင်ဗျား‌ေလးရယ်။ခင်ဗျား‌ေလးဖြစ်တည်မှုနဲ့ မျှော်လင့်ရှေ့ဆက်နေရတဲ့ ကျွန်တော့်လုိလူကို ခုလည်း အသက်ရှူခွင့်ပါ အပြီးအပိုင်ပိတ်သိမ်းဖုိ့ လုပ်နေကြတာ။  ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတာထက် ဖြစ်သင့်တာ ဖြစ်ခွင့်မရှိခြင်းဟာ ပိုခံရခက်တယ်။ လူဖြစ်ခြင်းတူသော်ငြားလည်း အသက်ရှုရပုံခြင်းမတူညီတဲ့ နိုင်ငံတစ်ခုမှာ နေသားကျဖို့ ကြိုးစားယူလည်း အမျက်ဒေါသတွေသာ ဆင့်ကဲလာတယ်။ ဝဋ်ကျွေးရှိသမျှ ခံရဦးမယ်ဆိုရင်လည်း ဒီဝဋ်ကျွေးဟာ သိက္ခာလိပ်ပြာလုံတဲ့ ဝဋ်ကျွေးတစ်ခုမို့ ဖြေသာတယ်လုိ့‌ဆုိရမယ်။ ‌ကျွန်တော်တို့တွေ သံသရာတကွေ့မှာတော့ တနည်းတဖုံအားဖြင့် တွေ့ဆုံခွင့်ရှိချင်တယ် ခင်ဗျား‌ေလးရယ်။ လွမ်းတယ် သတိရတယ်။ အများကြီး ပိုတိုးလို့ ပွေ့ဖက်ချင်မိတယ် ခင်ဗျားလေးကို။သံသရာရေစက်တွေ ပိုပုိသာသာခံယူရင်း ခင်ဗျားလေးကိုတော့ ကျွန်တော့်ထွက်သက်ဆုံးချိန်ထိ ချစ်သွားခွင့်ရပါရစေ။ ကျွန်တော်တို့တွေ ပြန်ဆုံခွင့်တော့ရှိဦးမယ်မလား။

3:53pm
20.6.2023(Tuesday)

သေခြင်းရဲ့အခြားတဖက်( About Myself)Where stories live. Discover now