အချစ်ခံရခြင်းတွေမှာ နေသားကျနေတဲ့အခါ ပြောင်းလဲခြင်းသေးသေးလေးကအစ ကျွန်တော့်ကို တွေဝေစေတယ်။
ကျွန်တော့်ချစ်ရသူတွေဆီကနေ ဥပေက္ခာမမည်သော လျစ်လျူရှုခြင်းတွေကို မခံယူတတ်သူမုိ့လည်း ရှောင်ပြေးထွက်ဖို့ ကြိုးစားရင်း ဒီဝဲဂယက်ထဲ တဝဲလည်လည်။
တကယ်ဆို ကျွန်တော်ဟာ အတ္တကြီးသူ။
အလိုလုိက်ခြင်းတွေ ဦးစားပေးခြင်းတွေ ဂရုစိုက်ခံရခြင်းတွေကုိ တွယ်တာသူ ကျွန်တော်ဟာ ပစ်ပယ်ခံရခြင်းတွေကို မနှစ်မြို့ဘူး။
ကျွန်တော်ထက် တပါးသူအပေါ် ချစ်သွားမှာကို မလိုလားဘူး။
ဒါပေမဲ့ အဲ့အရာတွေဟာ
ကျွန်တော်စေခိုင်းလို့ရတဲ့ အရာတွေမှ မဟုတ်ဘဲ။ကျွန်တော် လူဆိုးမဖြစ်ချင်ဘူးလေ။
ဒါ့ကြောင့် ကျွန်တော်လိုချင်တဲ့ မေတ္တာတွေကိုလည်း ကျွန်တော့်ဘက်က ထုတ်ပြတောင်းဆိုဖြစ်မယ်မထင်ဘူး။
တောင်းလည်း မတောင်းဆိုရက်ဘူးေလ။
တကယ်ဆို ကျွန်တော်ချစ်ရတဲ့သူတွေမှာ ကျွန်တော်မဟုတ်တဲ့ အခြားအရာတွေအပေါ် အပြည့်အဝ ချစ်ပုိင်ခွင့်ရှိတာမို့။
နေတတ်ဖို့ကြိုးစားပါ့မယ်။
ဘယ်သူ့အပေါ်မှ တွယ်တာမနေချင်တာမုိ့ လွှတ်ချပါ့မယ်။
တကယ်ဆို ကျွန်တော်ဟာ အချစ်တွေနဲ့
မထိုက်တန်သူရယ်။
YOU ARE READING
သေခြင်းရဲ့အခြားတဖက်( About Myself)
Sachbücherသေခြင်းတရားရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ သိချင်လိုက်တာ ကျွန်တော် ရှင်သန်ရခြင်းမှာ နေမပျော်တော့ဘူးလေ