ဒီနေ့လည်း သတိရတယ်

4 0 0
                                    

စောင့်ဆိုင်းရခြင်းကို မနှစ်သက်တဲ့ကိုယ်က သဲငယ်နဲ့ ဆုံရဖို့ကို ဘယ်နှရက် ဘယ်နှလအထိ စောင့်ရဦးမလဲလေ။ လွမ်းတာထက် ပိုတဲ့ သတိရခြင်းတွေက ကိုယ့်ကို ဒဏ်ခတ်တဲ့အခါ မလူးသာ မလှိမ့်သာနဲ့ ဘယ်သူ့ကို သွား အကူအညီတောင်းရမယ်မှန်းလည်း မသိခဲ့ဘူး။ အော်ငိုပစ်ချင်မိတိုင်း ကူကယ်ရာမဲ့တယ်။ လမ်းတွေပျောက်ဖူးပေမဲ့ ဒီတစ်ကြိမ်မှာ ပျောက်တဲ့လမ်းဟာ သဲငယ် အနားမရှိလို့ထင် ပိုမှောင်မိုက်တယ်။ ခြောက်ကပ်တယ်။ Lucky numberလေးတွေနဲ့ဆုံ‌ေလတိုင်း တောင်းမိတဲ့ဆုက သဲငယ်နဲ့အမြန်ဆုံစည်းနိုင်ဖို့ရယ်။ခုထိတော့မပြည့်သေးဘူးကွယ်။ တစ်နေ့တစ်နေ့ စောင့်ရတာလည်း ပင်ပန်းလွန်းတယ်။ ဒီလိုနဲ့ ပြန်ဆုံစည်းခွင့်မရှိခဲ့ရင်ဆိုတဲ့အတွေးကလည်း ပိုပူလောင်ရပါတယ်။ ချစ်တယ်ဆိုတာထက် ပိုမြတ်နိုးမိတဲ့သူရယ်မို့ အသံကြားတိုင်း ပိုတွေ့ချင်တယ်။ သဲငယ်ပါတဲ့mvတွေကြည့်တိုင်း မျက်ရည်က အလိုလိုဝဲတယ်။ မိုင်တိုင်တွေခြားတဲ့အရပ်မှာမို့ သဲငယ်ဆီ လာဖို့မလွယ်တဲ့ကိုယ်က ခုတော့ လေလိုင်းကရတဲ့ဆက်သွယ်မှုလေးတစ်ခုတောင် ရဖို့ မလွယ်ကူပြန်တော့ဘူး။ သဲငယ်နဲ့တွေ့ခွင့်ရတဲ့ကိုယ်ဟာ ကံကောင်းခဲ့ပေမဲ့လည်း ဝဋ်ကြွေးတွေပါခဲ့တယ်ထင်ပါရဲ့။ 😭😭😭

5:10pm
Friday, 23.6.2023

သေခြင်းရဲ့အခြားတဖက်( About Myself)Where stories live. Discover now