ဒီနေ့ညမှာ ကြယ်တွေစုံရင်း ကြွေခဲ့တယ်

1 0 0
                                    

ကောင်းကင်ကြီးနှစ်စင်းအပြိုင်ဖြစ်တည်ဖို့ ဖန်တီးပေးသူဟာ ပင်လယ်ကြီးပေါ့။

ပြာလဲ့လဲ့ ရေပြင်တွေပေါ် တလက်လက် ထင်ဟပ် ဖြတ်ပြေးနေတဲ့ ရေတံလျှက်တွေဟာ ပင်လယ်ပြင်ကို စိန်မှုံတွေအလား ပက်ဖြန်းကာ အလှဆင်ထားဆဲ။

ပုစွန်ဆီရောင်ကောင်းကင်ထက် နေလုံးနီဟာ ခရီးပမ်းတဲ့အခါ သူရဲ့ခိုလှုံရာဟာ ပင်လယ်ကြီးဆိုတာ သ‌ိလေမလား။

ကြယ်တာရာတွေ ရေတွက်ရင်း ပင်လယ်ပြင်မှာ ကြယ်ကောက်ထွက်သူတစ်ယောက်ရဲ့ အဆုံးမရှိတဲ့ ရေတွက်သံ‌ေတွဟာ လှိုင်းလုံးတွေကြား မတိုးမလျ‌ေလးပါပဲ။

နေ့နှင့်ည ကွာခြားခဲ့လည်း မကွာခြားဘဲ ထပ်တူညီ‌စေခြင်းဟာ ပင်လယ်ပြင်ထက်က စိန်မှုံတွေကို ညဘက်ရဲ့ကောင်းကင်ကြီးမှာ အလှပဆုံး မြင်တွေ့နိုင်ခြင်းဆုိတာကုိ‌ေပါ့။

အဖော်တွေမဲ့ခဲ့့သော်ငြား တသားတည်းဖြစ်တည်‌ေစတဲ့ ကောင်းကင်နဲ့ပင်လယ်ပြင်ကြား ငါဆိုတဲ့ ဆက်သွယ်မှုလေး ရှိနေ‌ေသးတယ်ဆုိသည့် အတွေးတစ်ခုဟာ နှလုံးသားကို နွေးထွေးမှုတော့ အနည်းငယ်ပေးစွမ်းနုိင်ရဲ့ ။ မတည်မြဲတဲ့ နိယာမအောက်မှာ ဘယ်တော့မှ မပြောင်းလဲခဲ့တဲ့ကြယ်တာရာတွေကို တွေ့ရှိခဲ့ကာ ကြယ်တာရာလေးတွေကို အားကျစိတ်ဝင်မိရင်း ပိုင်ဆိုင်ခွင့်မရှိခဲ့လည်း ထွက်သက်အထိ ငေးမောခွင့်ကို အပုိင်စား‌ေပးအပ်ထားလုိ့ ဒီအရာလေးအတွက်တော့ ကြယ်တာရာတွေကို ကျေးဇူးတင်စကား ဆိုမိ‌ေသးတယ်။
အမှာစကားလေး ထပ်‌ေလာင်းအပ်ချင်မိတာကတော့ ငါမျက်စိမမှိတ်ခင်အချိန်ထိ အတူရှိရင်း ‌လောကကြီးကို အလှပဆုံးနှုတ်ဆက်ခွင့်ရချင်ပါသေးတယ်ဆုိတာကိုပေါ့။တချို့ကြယ်လေးတွေကတော့ မြေပေါ် ကြွေဆင်းရင်း သဘာဝတရားကို အလှဆင်ခဲ့တယ်။ ဒီနေ့ညမှာပဲ ကြယ်တွေစုံတယ်။ စုံရင်းလည်း ‌တချို့ကြယ်တွေ ကြွေခဲ့တယ်။


သေခြင်းရဲ့အခြားတဖက်( About Myself)Where stories live. Discover now