" မဂ်လာပွဲ .. ? မေမေ ရောင် ကြားလိုက်တာတွေ အမှန်ပဲလား "သူမရဲ့စကားသံနောက် ဧည့်ခန်းထဲကလူတွေရဲ့ အကြည့်အားလုံးက သူမဆီ ..
လှေကားကနေ ဆင်းလာတဲ့ ဖြူသွယ်သွယ်ကောင်မလေးက လိုအပ်သည်ထက်ပို၍မြန်နေခဲ့တဲ့ သူမရဲ့ခြေလှမ်းတွေ..
ဆိုဖာပေါ်မာ တစ်ချိန်လုံးတိတ်ဆိတ်လျက် အခန့်သား ထိုင်နေခဲ့တဲ့ နေမင်းသက္ကရာဇ် သည်လည်း ထိုနေရာကို တစ်ချက်မော့ကြည့်လာသည် ..
ခပ်သုတ်သုတ်လျှောက်လာတဲ့ သူမခြေလှမ်းအစုံက သက္ကရာဇ်နားမရောက် သူ့အနားအရောက် စူးစူးစိုက်စိုက်တစ်ချက်ကြည့်သည် ..
" မေမေ ရောင့်ကို သေချာလေး ရှင်းပြနိုင်မလား "
သူမအသံသည် အနည်းငယ် ကျယ်လောင်သွားသည်ကို သတိထားမိသည် အထူးသဖြင့် တိတ်ဆိတ်နေသော ဧည့်ခန်းဝယ်
မေမေတို့နှင့်အတူထိုင်နေတဲ့ သူဠေးမင်းကလဲကြည့်နေတော့
" ရောင့် ဘက်က အဆင်သင့်မဖြစ်သေးလို့ပါ .. "
ဒီ့ထက်ဆိုးတာ စကားတို့သည် .. အရှေ့က အနောက်တိုင်းဝတ်စုံနဲ့ လူသားကိုကြည့်ပြီး အသံတို့ တိမ်ဝင်သွားရသည်
လန့်မိတာ တော့အမှန် ။ သူ့ရဲ့ တည်တင်းလွန်းလှတဲ့ အရှိန်အဝါတွေကြောင့် ..
သက္ကရာဇ် မဲ့ ပြုံးပြုံးမိသည် ..
ထို မိန်းခလေးက တစ်ခါတစ်ရံ သူနဲ့များ အကြည့်ချင်းဆုံရင် ခပ်မြန်မြန် ရှောင်ဖယ်သွားတတ်သည် ..
မေမေဆတ်ပြောပြနေတဲ့ အကြောင်းတွေကိ နားထောင်နေရပေမယ့် ရောင့် နားထဲ ဝင်တစ်ဝက်မဝင်တစ်ဝက် ..
ပြောပြချက်အရ သူ့ထက် 2 နှစ် ငယ်သော ထိုလူသားက အရွယ်နဲ့လိုက်ဖက်မှုမရှိအောင် ခက်ထန်လွန်းသည် ..
တည်တင်းနေတဲ့ နှုတ်ခမ်းပါးတွေနဲ့
ကော်ဖီကို မော့တိုင်း မြင်နေရတဲ့ မေးရိုးထင်းထင်းတွေက
ဆွဲဆောင်မှုအပြည့် ..ရောင် အသိနဲ့သတိကပ်ရင်း ကော်ဖီကို ခပ်မြန်မြန် သောက်ရင်း က အကြည့်တို့ကို လွှဲရသည် ..

BẠN ĐANG ĐỌC
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Lãng mạnတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "