တစ်နေ့လုံး အိမ်ကြီးတစ်အိမ်လုံးကို ဟိုရှင်း ၊ ဒီရှင်းနဲ့ပဲ အချိန်ကုန်စေခဲ့ကာ ညနေခင်းရောက်တော့ သူမဘာအလုပ်မှလည်း မရှိသည်မို့ ခပ်ပျင်းပျင်းဖြစ်လာတာနဲ့ ခြံဝန်းထဲ လမ်းဆင်းလျှောက်မိသည် ..
ခြံဝင်းတစ်ဝေ့တစ်ပတ်ကြီးထဲ လျှောက်နေရင်းက
ခြံလယ်က ရေပန်းနားဝယ် သွားထိုင်နေမိသည် ..ဘာလုပ်ရ မလဲ ။ တကယ်ပဲ ဘာလုပ်ရင်ကောင်းမလဲ
တကယ်ပဲ ပျင်းလို့ အရည်တောင် ဖြစ်သွားမည်ထင်သည် ..
ကန်နားမှာထိုင်နေရင်း ပုံဆွဲဖို့စိတ်ရလာသော်လည်း အိမ်ထဲပြန်ယူဖို့က အိမ်ကြီးကို မြင်သာမြင် သွားယူဖို့က အနည်းငယ်ဝေးသည်မို့ မသွားချင်တော့ပြန် ..
သူမ ထိုကန်နားဝယ် အတန်ကြာထိုင်နေရင်း မျက်စိတို့ခဏမှိတ်သွားစဉ်မှာပဲ ..
ခြေထောက်နား လာတိုးသော ကြောင်လေးတစ်ကောင် ..
ကြောင် အမည်းရောင်လုံးလုံးလေးက ဗိုက်ဆာလို့ထင်သည် သူမကို အော်သံပေးကာ တိုးဝှေ့လို့နေပါသည် ..
သူမလည်း ထိုကြောင်ပေါက်လေးကို ချီလိုက်ပြီး သူယူလာသော နွားနို့ပုလင်းလေးကို ဖောက်ရင်း တိုက်လိုက်တော့
အသည်းအသန် သောက်လို့နေသည် ..
ချစ်ဖို့ကောင်းတဲ့ ကြောင်ကလေး နဲ့ အဖော်ရပြီမို့ သူမ ပြုံးပြုံးလေး ချီထားမိသည် ..
သို့သော် ထိုအပြုံးလေးတို့သည် ကြောင် မုန်းသော သက္ကရာဇ်
အဖို့တော့ မြင်ကွင်းကောင်းဟုတ်မနေ ..နေမင်းသက္ကရာဇ် အစည်းအဝေးပြီးလို့ ရုံခန်းပြန်လာချိန် ဘာရယ်မဟုတ် စခရင်တွင်ပေါ်နေသော အိမ်က စီစီတီဗီကို တစ်ချက်ပြန်အကြည့် သက်တံ့ရောင်ခြယ်ကို မတွေ့သည်မို့ ...
မျက်ခုံးတို့ကြုံ့ရကာ အိမ်ရဲ့နေရာမှန်သမျှကို လိုက်ရှာကြည့်ဖို့ရာ လက်ကိုအမြန်အလုပ်ပေးမိသည် ..
နောက်တော့ ခြံထဲက ရေကန်ဝယ် အေး"လူ"သွားထိုင်နေသည်ကို မြင်တော့ ထိုစက်ခရင်တွင် လက်တို့ရပ်သွားသည် ..
YOU ARE READING
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Romanceတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "