တစ်နာရီခွဲဆိုတဲ့ အချိန်ကာလကို ကျော်လွန်သွားပြီးတဲ့နောက်မာတော့ မိုးကမတိတ်တဲ့အပြင် ပိုမိုသည်းထန်လာပြီဖြစ်သည် ..သက္ကရာဇ် ဖုန်းကနာရီကို တစ်ချက်ကြည့်ရင်း အိမ်ရှေ့တံခါးမကိုကြည့်ပေမယ့် ထိုမိန်းခလေးဝင်လာခြင်းအရိပ်အယောင်ကိုမတွေ့
သူအလုပ်ထိုင်လုပ်နေတာပဲ တစ်နာရီခွဲလောက်ရှိနေပြီ ..
အနည်းငယ်တော့စိတ်အိုက်သွားရတာကြောင့် သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီး အိမ်တံခါးဆီအရောက် ..
ထီးတစ်ချောင်းယူကာ အိမ်ရှေ့ထွက်လာခဲ့တော့ လှေကားထစ်တွင် ထိုကြောင်ကို ချီလျက်သားပင် မိုးရေထဲမာ ပုံ့ပုံ့ကလေး ထိုင်နေခဲ့သည် ..
သက္ကရာဇ်လဲ ဒေါသလဲထွက်လာရသလို အနားကိုခပ်သွက်သွက်လျှောက်သွားလိုက်ပြီး
" မင်း ခေါင်းမာလို့ မဝသေးဘူးလား "
ခေါင်းပေါ်မိုးရေမကျတော့သည်မို့ အပေါ်ကို မော့ကြည့်တော့ နေမင်းသက္ကရာဇ်ရဲ့ ခပ်ငေါက်ငေါက်အပြောကို ကြားရသည်
သူမအမြန်ပင်ထရပ်ကြည့်တော့ ခြေထောက်တို့က တုန်ယင်နေသည် ..
" နေမင်းသက္ကရာဇ် ! ရောင့်ကို အိမ်ထဲ ပေး မဝင်လဲဖြစ်တယ် ကြောင်လေးကို ဒီနေ့တစ်ရက်လောက်ပဲ အထဲကို ခေါ်သွားပေးနိုင်မလား ဒီမှာ သူ နေမကောင်းဘူး "
မိုးထဲလေထဲမာပြောလာတဲ့ ပထမဆုံး စကားက သူမလက်ထဲက ဖျော့တော့စွာ လဲကျေနတဲ့ ကြောင်ကို အထဲခေါ်သွားပေးပါ တဲ့လား "
မင်းဘယ်လို မိန်းကလေးလဲ ..
သက္ကရာဇ် လက်ထဲထိုးပေးလာသော ထိုကြောင်ကို ထီးတစ်ဖက်နဲ့မို့ ငြင်းဆန်ချိန်ကလဲ မရ ။
သူမက ကြောင်ကို ပေးပြီးတာနဲ့ အထဲကိုခေါ်သွားခိုင်းကာ သူကတော့ ဒီနေရာမာပဲ ပြန်ထိုင်ဖို့လုပ်နေသည်မို့ ဆွဲကိုင်လိုက်ကာ
" မင်းပါ တစ်ခါထဲလိုက်ခဲ့! "
" ဟမ် .. "
" ကျစ် မင်းပါလိုက်ခဲ့ဆိုနေ .. ငါစိတ်မပြောင်းခင်နော် "
![](https://img.wattpad.com/cover/321700231-288-k526365.jpg)
YOU ARE READING
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Romanceတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "