" အကိုလေး မမလေး ထမင်းမစားတာ နှစ်ရက်ကျော်နေပြီ "
စိတ်ပူစွာဖြင့် သူမမှာ ဧည့်ခန်းထဲမှာ အလုပ်လုပ်နေတဲ့ အကိုလေးဖြစ်သူကို သွားပြောလိုက်တော့" မစားရင်မကျွေးနဲ့ လေနောက်ထပ်နှစ်ရက်လောက်ပါ ပြစ်ထားလိုက် နေနိုင်မလားကြည့်မယ်"
အကိုလေးက အေးဆေးစွာပင် ရက်စက်သောစကားတို့နှင့် တုန့်ပြန်လာလေတယ် ..
ဒုက္ခပါပဲ အကိုလေးနဲ့ မမလေးဘာတွေထပ်ပြီးဖြစ်ထားပြန်ပြီလဲမသိပါဘူး ဥက္ကဌကြီးသိရင်အားလုံးအဆင်မပြေဖြစ်ကြတော့မာပဲ
ချက်ချင်းကြီးအပေါ်ထပ်ကောက်တက်သွားတဲ့ သူဌေးလေးဖြစ်သူနောက် သူမလိုက်သွားမိတော့ ..
" အောက်မှာပဲနေ ဘာသံကြားကြား တက်မလာခဲ့နဲ့ ! "
" ဟုတ်ကဲ့ "
အခန်းထဲရောက်သည်နှင့် သက္ကရာဇ်ဝေ့ဝိုက်ကြည့်လိုက်မိတော့ ဝရန်တာမှာခွေခွေကျုံ့ကျုံ့လေးထိုင်နေတဲ့ ရောင်ခြယ်ကိုတွေ့လိုက်သည် ..
ခြေလှမ်းကျဲတို့ဖြင့်သွားကာ ထိုင်နေသူကို ဆွဲထစေလိုက်သည် ..
အားမရှိတဲ့ကိုယ်လုံးလေးက သက္ကရာဇ်ကိုင်လိုက်သည်နှင့် ပျော့ဖတ်နွမ်းလျစွာ လက်ထဲပါလို့လာသည် ..
" မင်း ! "
အော်မလို့ပြောလိုက်ပေမယ့် သူမရဲ့နွမ်းလျတဲ့ကိုယ်ငယ်လေးကြောင့် သက္ကရာဇ်အံကိုကြိတ်လိုက်ကာ အသက်ပြင်းပြင်းရှူသည် ..
" သက်တံ့ရောင်ခြယ် .. မင်း ငါနဲ့အခုထမင်းလိုက်စား "
အစက သက္ကရာဇ်အိမ်ပေါ်ထပ်တက်ခဲ့သည်က ရောင်ခြယ့်ကို အစာရေဆာဖျက်မယ်ဆိုတဲ့အကြောင်း လာအသိပေးခြင်း ယခုမာမူ ဒီလိုပုံစံကိုမြင်လိုက်ရရင် သူနှုတ်ကတစ်မျိုးတစ်ဖုံပြောင်းသွားတော့သည် ..
" ရတယ် မဆာဘူး .."
တိုးလျစွာထွက်လာတဲ့ အသံလေးက ငြင်းဆန်ခြင်း သာ။
" သက်တံ့ရောင်ခြယ်! မင်းအခုလာမစားရင် ငါ ! "
ဖျော့တော့စွာဆိုလာတဲ့အသံက မကြာမီပင် အားပျက်တော့မယ့်အသံနဲ့ကို ..သူမက အငြင်းစကားဆိုတုန်းမို့ သက္ကရာဇ် မေးကြောများထောင်သည်အထိ အံကြိတ်မိသည် ..
BẠN ĐANG ĐỌC
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Lãng mạnတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "