" အင်း ဆိုတော့ .. မင်း သေချာလား "" သေချာပါတယ် boss "
သက္ကရာဇ် ကောင်းမြတ်ရဲ့စကားကြောင့် အံကိုကြိတ်လိုက်မိသည် ..
သူ့ ဒီ project အတွက် ဘယ်လောက်ထိ ငွေကုန် ၊ အပင်ပန်းခံထားရလဲ သူအသိဆုံး ဒါကို တစ်ဖက်လူက လုယူသွားသည်ကိုတော့ ခံပြင်းမိသား ..
" အခုပဲ သွားမယ် "
"CEO SATT အောက်မှာ လူနှစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် .. "
* ဂျောက်
အတွင်းရေးမှူးမလေး စကားမဆုံးခင် ဝင်ချလာသော သူစိမ်းနှစ်ယောက်အား စက်အာဏာပိုင် တစ်ချက်ကြည့်လိုက်မိသည် ..
" လူကြီးမင်းတို့ ယဉ်ကျေးမှုမရှိလိုက်တာ ကျမ အပြင်မာ စောင့်နေဖို့ မပြောထားဘူးလား "
အသံပြာပြာဖြင့် ပြောလာသော ဘေးက စရေးမကို သက္ကရာဇ်သေချာကြည့်ကာ
"မင်း သူဌေးရဲ့ အထက်လူကြီးဆိုရင်ကော တွေ့ခွင့်တောင်းစရာ လိုသေးလား "
" အမ်း .. ရှင် "
အနောက်တွင်ပါလာသော ကောင်းမြတ်ကလည်း
" မိန်းခလေး အပြင်ထွက်နေပေးပါ "
" ရှင် .. ဟုတ် ဟုတ်ကဲ့"
သက္ကရာဇ် အရှေ့က လူကို တစ်ချက်ကြည့်ရင်း တွေ့ဖူးသလိုလိုရှိလာသည် ...
ထိုအချိန်
" IP group ရဲ့ သူဌေးလေးက ဘာကိစ္စနဲ့ရောက်လာတာလဲ "
စက်အာဏာပိုင်ရဲ့ ကြည်လင်စွာ ထွက်လာတဲ့ အသံနောက်
နေမင်းသက္ကရာဇ်ရဲ့ မျက်ခုံးတို့ လှုပ်ရှားသွားရသည် .. သိနေတာတောင် လာကျောရဲတဲ့ သတ္တိက နည်းသလား ..
" မိုင်းဆိုင်ကဟိုတယ် project ၊ ခင်ဗျား ကုမ္ပဏီက
ဝင်ယူသွားတယ် ကို စက်အာဏာပိုင် .. "စက်အာဏာပိုင် မျက်မှန်ကို လက်နဲ့ တစ်ချက်ပင့်တင်ရင်း
" ဒါ ကိုယ် လုပ်တာမဟုတ်ပါဘူး လုပ်ငန်းရှင်တွေက ကိုယ်နဲ့ တိုက်ရိုက် ဆက်သွယ်လာတာ "
သက္ကရာဇ်တစ်ချက်ပြုံးမိသည် ..
" တိုက်ရိုက် ဟုတ်လား "
ESTÁS LEYENDO
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Romanceတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "