စေ့စပ်ပွဲကော လက်ထပ်ပွဲပါ အကျဉ်းရုံးပဲလုပ်ခဲ့ကြပြီး နောက်တစ်နေ့မနက် သတင်းစာခေါင်းစီးမှာ ဖော်ပြခံရသည်ကIP Group CEO ရဲ့ လက်ထပ်ပွဲအကြောင်း " မိန်းကလေးရှင်ကိုတော့ ဖော်ပြထားခြင်းမရှိပဲ ဖျောက်လို့ထားခဲ့သည် ..
ဒါတွေကို ရောင့် စိတ်ထဲ ဘာမှမထားရက်ပါဘူး
အစကတည်းက ချစ်လို့ ယူထားကြတယ့် ဆတ်ဆံရေးတစ်ခုမှ မဟုတ်ဘဲ ။ ရောင်ကသာ ခံစားချက်တစ်ချို့ သက်ဝင်နေခဲ့တာ..
သူဌေးမင်း လက်ဖွဲ့ပေးထားတဲ့ အိမ်က တကယ်ကို ကျယ်
လွန်းသည်ခြံဝင်းကျယ်ထဲက နှစ်ထပ်တိုက်အိမ်က တိတ်ဆိတ်လွန်းလို့ ခြောက်ခြားရသည်အထိ
သို့ပေမယ့် သူမလည်း
တိတ်ဆိတ်တာကို သဘောကျသည်မို့ အဆင်ပြေပါသည် ..လူနှစ်ယောက်ထဲနေမယ့် အိမ်က ဒီလောက်ထိ ကျယ်ဝန်းရသလား လို့ တွေးမိသည်အထိ ရောင်တို့ အိမ်ထက် သုံးဆလောက် ကြီးသည် ..
အိမ်ကြီးထဲ မည်သူတစ်ဦးတစ်ယောက်မျှ မရှိသည်မို့ ရောင် ပျင်းသည် ..
ထို့ကြောင့် စိတ်ပြေလိုပြေငြာ ကိုယ်နဲ့မကွာပါလာသော ပန်းချီဆေးဗူးတွေကိုထုတ်ကာ စာရွက်အဖြူပေါ် ရေးဆွဲရန်ပြင်သည် ..
ဒီတစ်ခေါက်တော့ အသေအချာ စိတ်နှစ်ဆွဲရမည် ..
ပြီးခဲ့တဲ့အခေါက်က ပုံပြပွဲမှာ အနိုင်ရခဲ့သည်မို့ ဒီတစ်ခေါက် ပေါ့သွားလို့မဖြစ် အမြဲတမ်း ပိုလျှံလွန်းသော အရည်အချင်းတွေကိုသာ ပြချင်ပါသည်လေ ..
ဟုတ်ပါသည် .. ကျမ သက်တံ့ရောင်ခြယ်က ပန်းချီဆရာမတစ်ယောက်ပါ နှစ်နှစ်အတွင်း တမူထူးတဲ့ ဆွဲသားချက်တွေကြောင့် အခုဆို တော်"လေးကို နာမည်ရလာပြီဖြစ်သည် ..
သဘာဝရှုခင်းတွေကို ဆွဲတာမျိုးတော့မဟုတ်ဘူး
သူမက အကောင်လေးတွေ ၊ တိရစ္ဆာန်လေးတွေရဲ့အသေးစိတ်ကျကျ ပုံ တွေကို စိတ်နှစ်ပြီး အနုစိတ်ရေးဆွဲတာ ဖြစ်သည် ။
ရုတ်တရက် ခြံရှေ့က ကားသံကြားလိုက်ရတာမို့ သူမကိုယ်လေးတောင့်သွားရသည် ..
YOU ARE READING
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Romanceတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "