အိမ်ထဲက အမကို မှာစရာရှိတာတွေမှာပြီးသည်နှင့် ရောင် ခပ်သုတ်သုတ် ခြံပြင်ထွက်လာခဲ့သည် ..ထိုအချိန် ..
ကားပေါ်ကနေ အမြန်ဆင်းလာတဲ့ ကိုကောင်းမြတ်ကြောင့် ရောင် မျက်လုံးလေးပြူးနေစဉ်မာပင် ..
" boss က လိုက်ပို့ခိုင်းလို့ပါ မမလေး "
" နေမင်းသက္ကရာဇ်ကလား "
" ဟုတ်ပါတယ် "
" ဟို ရောင် ကိုယ့်ဘာသာပဲ သွားပါ့မယ်ကိုကောင်းမြတ် "
" ကျတော် ပို့ပေးပြီးရင် ပြန်ပါ့မယ် "
ရောင်ခြယ် သက်ပြင်းလေးချကာ မထူးတော့သည်မို့ ခေါင်းငြိမ့်ရင်း ထိုကားပေါ် တက်ကာ လိုက်ရတော့သည် ..
ရောင်တို့ အိမ်နဲ့ နှစ်မြို့နယ်လောက် ဝေးသည်မို့ ထိုကားထဲဝယ် နေရထိုင်ရသည်မှာ အဆင်မပြေလှ ..
ထိုသူက သက္ကရာဇ် တပည့်ဖြစ်သူဆိုပေမယ့်လည်း သူစိမ်းမဟုတ်လား ။
" မမလေး "
" အင် "
" အကိုလေး နဲ့ နေရတာ အဆင်ပြေရဲ့လား "
" ဟင် .. ဒီတိုင်းပါပဲ "
" အကိုလေးကို ကြောက်ဖို့ကောင်းတယ်လို့ မထင်ပါနဲ့
တကယ်က စိတ်ထားတကယ်နူးညံ့လွန်းတာပါ "" ရောင်တော့ မထင်ဘူး ကိုကောင်းမြတ် သူက တစ်ချိန်လုံးရုပ်တည်ကြီးနဲ့ "
သူမပြောတော့ ကောင်းမြတ်က ကားလေးကို ချိုးကွေ့ရင်း ရယ်သည် ..
" အကိုလေးက ၁၀ တန်းပြီးကတည်းက ကုမ္ပဏီထဲ ဝင်ခဲ့ရတာ မိဘတွေကြောင့် အရွယ်နဲ့မလိုက်အောင် ဝန်ထုပ်ဝန်ပိုးတွေ ထမ်းခဲ့ရတယ် သူ့အသိစိတ်ထဲမာက အလုပ်နဲ့ပဲ အမြဲလုံးပမ်းနေခဲ့ရတော့ လူမှုဆတ်ဆံရေးမကောင်းခဲ့ဘူး မျက်နှာထားက တည်မြဲတည်နေတော့တာ"
ကို ကောင်းမြတ်ရဲ့ စကားတွေနောက် ရောင်ခြယ် တစ်ခုကို သိချင်လာတာနဲ့ ..
" သူ့ အမေကကော "
" အကိုလေးအမေက လွန်ခဲ့တဲ့ နှစ်ကတင်ပဲ ဆုံးသွားခဲ့တာ "
" အော် ... ။ ကိုကောင်းမြတ် ဟိုရှေ့နားမှာတင် အိမ်က "
" အာ မမလေး ကြည့်ရတာ ပြန်ကွေ့ရတော့မယ်ထင်တယ် လမ်းကြောမှားယူထားတယ် စကားတပြောပြောနဲ့ .. "
DU LIEST GERADE
ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ
Romantikတစ်ခါတလေမှာ ကိုယ့်ရဲ့အမုန်းတွေ ၊ နာကျည်းချက်တွေ ကိုဖယ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့ "