ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ Episode 4

549 18 0
                                    


ရောင် သတိရ‌လာတော့ ရင်းနှီးနေသော မျက်နှာကျက် ၊ ထိုအိပ်ယာနှင့် ဘေးဘက်အပြင်အဆင်ကို ကြည့်မိ‌‌တော့ သက္ကရာဇ် အခန်းထဲဝယ် ..

လက်တွေမှာ ဆေးပုလင်းနဲ့ အကြောဆေးချိတ်ထားပုံအရ သူမဘယ်လိုတောင် သတိမေ့နေခဲ့လို့ပါလိမ့် ..

လူက ထချင်ပေမယ့် မူးဝေနေသော ခေါင်းနဲ့အတူ ပူခြစ်တောက်နေသော သူမနဖူးကြောင့် ဟင်းခနဲ သက်ပြင်းချမိသည် ..

ငယ်ငယ်ကတည်းက ကိုယ်ပူတာကို မုန်းသည်မို့ ..

ဘယ်လိုမှ နေလို့ထိုင်လို့မရ ..

ထိုအချိန် ။

ဂျောက် ခနဲ အသံနဲ့အတူ

" မမလေး နိုးပြီလား "

အခန်းထဲဝင်လာသော အမျိုးသမီးကြောင့် ..

" သခင်ကြီးလွှတ်လိုက်တဲ့ အိမ်အကူပါ မမလေး လိုအပ်တာရှိရင် ခိုင်းဖို့ လွှတ်ပေးလိုက်တာပါ သက်သာပါရဲ့လား
မမလေး သတိမေ့နေတာ နှစ်ရက်ရှိပြီ "

" ဟင် ! နှစ်ရက် " 

" ဟုတ်ကဲ့ "

" ရောင် .. ရေ သောက်ချင်တယ် "

သူမပြောတော့ အမြန်ပင် အနားရောက်လာကာ ဘေးက ရေခရားထဲကရေကို ‌ဖန်ခွက်ထဲ ငှဲ့ပေးရှာသည် .. 

သူမရေကို ကုန်အောင် သောက်နေတုန်းမှာပဲ ..

" သခင်လေး သက္ကရာဇ်က မှာထားတယ် "

" * အဟွတ်! * "

သက္ကရာဇ်ဆိုသော အသံကြားသည်နှင့် သူမ ကျောတို့စိမ့်တက်သွားရကာ ရေပါသီးရသည် ..

" မမလေး ရရဲ့လားဟင် ! "

" ဟင် အင်း.. ရတယ် ဘာမှာတာလဲ ဟင် "

" သတိရလာရင် ကျမကို ဖုန်းဆတ်ခိုင်းထားတာပါ အဲ့တာ "

" အော် .. အင်း" သွားပါ "

နေမကောင်းသေးတာမှန်ပေမယ့် တစ်နေ့လုံးလည်း ဒီလိုကြီးထိုင်မနေချင်တာနဲ့ သူမမပြီးသေးတဲ့ ပုံ‌လတ်စတွေကို အခန်းထဲမှာပဲ ဆတ်ဆွဲနေမိသည် ..

ဘာမှမလုပ်ရတာထက်စာရင် ဒီလိုက အနည်းငယ်တော့ စိတ်သက်သာစေတာမို့ ..

ღ အမျိုးသမီးလေးတစ်ဦးရဲ့ မောင် ღ  Onde histórias criam vida. Descubra agora