[6]

92 9 0
                                    

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ] [ 6 ]

"ယွီလန်...."
မေစုသည်သူကုတင်ဘေးမှာပန်းသီးစိတ်နေတဲ့ယွီလန်ကိုကြည့်ကာခေါ်လိုက်သည်။

"အေးးးး"

"ငါ့ဆေးရုံကိုဘယ်တော့ဆင်းရမလဲ?"

"နင့်ခန္ဓာကိုယ်ကောင်းကောင်းလှုပ်ရှားနိုင်မှ"
ယွီလန်သည်ပန်းသီးကိုယုန်ပုံစံဖော်ပြီးပြန်ဖြေလိုက်သည်။

"အင်းးးး...ဒါနဲ့လေ..."
မေစုသည်တွေးရင်ပြောလိုက်သည်။

"ပြော"

"၀မ်ရိပေါ်နဲ့ရှောင်ကျန်ကောကလိုက်ဖက်တယ်လို့မထင်ဘူးလား??"
မေစုသည်ပြုံးကာမေးလိုက်သည်။

"ဟီး...လိုက်တာပေါ့"
ယွီလန်သည်သတိလက်လွှတ်စွာဖြေလိုက်မိသည်။

"ဟီးတကယ်!"

"ဟာာာမှားလို့...မေစုရယ်ရှောင်ကျန်ကောကနင့်ရည်စားလေဟယ်"
ယွီလန်သည်သတိ၀င်လာကာပြောလိုက်သည်။

"ဟဲ့...အဲ့တာအရင်ပိုင်မေစုလေအခုပိုင်မေစုကခံစားချက်မရှိတော့ဘူး..."
မေစုသည်တွေးတေကာပြောလိုက်သည်။

"ဪအေးအေး...တော်တော်လေးကိုချစ်ဖို့ကောင်းတဲ့ရည်းစားပဲ...!"
ယွီလန်သည်ရွဲ့ကာပြောလိုက်သည်။
ဒီမသာမလေးကတော့မှတ်ညဏ်ပျောက်ရုံမကဘူးအချစ်ပါပျောက်သွားရတယ်လို့။

"ငါ့ကိုကူညီပါလားဟင်?"
မေစုသည်ယွီလန်အားမျက်လုံးရွှဲကြီးနဲ့ကြည့်ကာပြောလိုက်သည်။

"ကူညီပါမယ်ဟယ်....ငါ့ကိုအဲ့လို့မကြည့်ပါနဲ့...!
ဘာကူညီရမှာတုန်!"
ယွီလန်သည်မေစုမျက်လုံးကိုလက်ဖြင့်အုပ်ကာပြောလိုက်သည်။

"ရှောင်ကျန်ကောနဲ့၀မ်ရိပေါ်ညားအောင်ကူညီပေး!"
မေစုသည်ယွီလန်လက်အားဖယ်ကာပြောလိုက်သည်။

"အမယ်လေးးးးဘာများလဲလို့!ကူညီပါမယ်!"
ယွီလန်သည်မျက်စံလှည်ကာပြောလိုက်သည်။
ဇာတ်လမ်းကတော့ရှုပ်ပြီး..!အမရိဟန်ကိုလဲဒီဟာမနဲ့ညားအောင်ကူညီပေးမယ်လို့ပြောလိုက်ပြီးထင်သာပဲဒီဟာမန်ိုးလာကတည်းကရှောင်ကျန်‌ကောအပေါ်ခံစားချက်မရှိတော့မှန်းအခု
ရှောင်ကျန်ကောနဲ့၀မ်ရိပေါ်ကိုပေးစားချင်တပဆိုရင်လဲကူညီ‌ပေးရမှာပေါ့!အဓိကဒီဟာမလေးစိတ်ချမ်းသာဖို့။

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]  [ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]Where stories live. Discover now