[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ] [ 10 ]
အားလုံးသည်ညစာစားပြီးကိုယ်အခန်းကိုယ်ပြန်သွားကြသည်။
ရှောင်ကျန်နှင့်၀မ်ရိပေါ်အတူတူနေသည့်အခန်းမှာတော့.....
"ရိပေါ်...ကျွန်တော်ဆိုဖာပေါ်မှာအိပ်လိုက်မယ်လေ..."
ရှောင်ကျန်သည်အိပ်ရာကြီးကိုကြည့်ကာပြောလိုက်သည်။"ဒီမှာ5ပတ်လောက်နေမှာ....ဆိုဖာပေါ်ပဲအိပ်နေလို့မရဘူး"
"ဟို...ကျွန်တော်ကအအိပ်ကြမ်းတယ်...
ရိပေါ်ကိုကန်မိမှာရိုက်မိမှာဆိုးလို့ပါ...."
ရှောင်ကျန်သည်၀မ်ရိပေါ်ကိုအားနာစွာကြည့်၍ပြောလိုက်သည်။"ဘာမှမဖြစ်ဘူး...အိပ်ရာကကျယ်တယ်"
"ကောင်းပါပြီး"
ရှောင်ကျန်သည်၀မ်ရိပေါ်ကိုပြိုင်မငြင်းနေတော့ပဲလက်ခံလိုက်သည်။ရှောင်ကျန်သည်အိပ်ယာပေါ်တက်ပြီးဖက်လုံးကိုယူကာအလယ်မှာထားပြီးသူကညာဘက်မှာ၀င်အိပ်လိုက်သည်။
၀မ်ရိပေါ်သည်ရှောင်ကျန်လုပ်နေပုံကြောင့်ပြုံးမိသွားသည်။
၀မ်ရိပေါ်သည်မီးတွေပိတ်ကာကုတင်ဘေးကမီးအိမ်လေးနှစ်ခုသာဖွင့်ထားတော့သည်။
၀မ်ရိပေါ်သည်လက်တော့ကိုယူကာကုတင်ဘယ်ဘက်တွင်၀င်ထိုင်လိုက်ပြီးကုတင်ကိုမှီကာလက်တော့ကိုဖွင့်ကာအလုပ်လုပ်နေတော့သည်။
ရှောင်ကျန်သည်အိပ်ရင်ခြုံထားသည့်စောင်ကြီးကိုကန်ချကာအလယ်မှာချထားသည်ဖက်လုံးကြီးကိုဖက်၍ညာဘက်ကိုလိမ့်သွားသည်။
၀မ်ရိပေါ်သည်အလုပ်ပြီးလို့လက်တော့ကိုပိတ်ကာစာပွဲပေါ်တင်လိုက်ပြီးရှောင်ကျန်ကိုကြည့်လိုက်တော့ကိုရို့ကားယားနှင့်အိပ်နေတာတွေ့လိုက်လို့ပြုံးမိသွားသည်။
၀မ်ရိပေါ်သည်အိပ်ရာပေါ်လှဲကာစောင်ခြုံ၍အိပ်လိုက်တော့သည်...။ခဏအကြာရှောင်ကျန်သည်အိပ်နေရင်ဖက်လုံးကြီးကိုလွှတ်ကာဘယ်ဘက်သို့လိမ့်သွားပြီးအိပ်နေသော၀မ်ရိပေါ်ကိုဖက်လုံးမှတ်ပြီးဖက်လိုက်မိသည်။
၀မ်ရိပေါ်သည်ည3နာရီလောက်မှာသူ၏ကိုယ်လေးသလို့ခံစားရတာကြောင့်နိုးလာပြီးဘေးကိုကြည့်လိုက်တော့သူ၏ရင်ဘက်ပေါ်ခေါင်းအုံးပြီးသူ၏ခါးကိုလက်ဖြင့်တင်းတင်းဖက်ထားပြီးခြေထောက်တစ်ဖက်ကလဲသူ၏ခြေထောက်ကိုခွထားသည့်ရှောင်ကျန်ကိုတွေ့လိုက်ရသည်။
YOU ARE READING
RomanceUnicode and Zawgyi သိချင်ကိုယ်ဘာသာ၀င်ဖတ်:3 ရှောင်ကျန်နှင့်ပိုင်မေစုဟာရည်စားတွေဖြစ်ပြီး တနေ့မှာ၀မ်ရိပေါ်နှင့်ပိုင်မေစုဟာစေ့စပ်ဖို့အကြောင်းဖန်လာပြီးနောက်သုံးယောက်သာလက်မခံနိုင်တာကြောင့်စေ့စပ်ပွဲဖျက်ဖို့အမျိုးမျိုးတွေးကြပေ့မယ်ဘယ်အကြံမှာအသုံးမကျပေ။ တနေ့မ...